1. Home
  2. International News

အလုပ်လက်မဲ့ဦးရေ တိုးမြင့်လာနေတဲ့ စင်ကာပူ

International News ก.ย. 15, 2559 view 1,494
စီးပွားရေးအခြေနေ အားပျော့လာမှုကြောင့် စင်ကာပူနိုင်ငံတွင် အလုပ်လက်မဲ့ လူဦးရေမှာ ဒုတိယနှစ်လည်အတွင်း ပိုမိုတိုးပွားလျှက်ရှိကြောင်း စင်ကာပူနိုင်ငံ အလုပ်သမားဝန်ကြီးဌါနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရှိရသည်။
 
အလုပ်လက်မဲ့လူဦးရေအားလုံး မတ်လတွင် ၁.၉ ရာခိုင်းနှုန်းမှ ၂.၁ ရာခိုင်းနှုန်းသို့ ဇွန်လတွင် မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌါန၏ နှစ်ဝက်အလုပ်သမားဈေးကွက် မှတ်တမ်းများက ဖော်ပြခဲ့သည်။ နိုင်ငံသားများအတွင်း အလုပ်လက်မဲ့ဦးရေမှာ ၂.၆ ရာခိုင်နှုန်းမှ ၃.၁ ရာခိုင်နှုန်းထိ ဖြစ်ပြီး၊ အမြဲတမ်းနေထိုင်ခွင့်ရသူများ အတွင်းမှာတော့ ၂.၇ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါသည်။
 
အမြဲတမ်းနေထိုင်ခွင့်ရသူများ အကြားတွင် အသက် ၃၀ နှစ်နှင့်ထက်များမှာ အလုပ်လက်မဲ့ဦးရေ ပိုမိုတိုးလာမည့် အလားအလာရှိနေပြီး၊ အရည်အချင်းမြင့်မားသူများပါ မကျန်ပဲ ဘွဲ့လက်မှတ် ဒီဂရီရရှိထားသူများကြားမှာ အလုပ်လက်မဲ့ ဦးရေက မြင့် တက်လာနေပါတယ်။
 
၂၀၁၂ ခုနှစ် ဇွန်လ  ဒုတိယနှစ်လည်တွင် အလုပ်အကိုင် အရေအတွက်ထက် အလုပ်ရှာဖွေသူဦးရေက ပိုများခဲ့ကြောင်း မှတ်တမ်းများအရသိရှိခဲ့သည်။ အလုပ်အကိုင် ရာထူးနေရာလစ်လပ်မှုက မတ်လတွင် ၅၀,၀၀၀ ရှိခဲ့ရာမှ ဇွန်လတွင် ၄၉,၄၀၀ ထိ လျော့ကျမှုက ၂၀၁၅ ထိ တောက်လျောက် ဆင်းလာခဲ့သည်။ လစ်လပ်နေရာအချိုးက အလုပ်လိုအပ်သူ ၁၀၀ မှာ အလုပ်ကိုင် နေရာက ၉၃ ထိသာ ရှိခဲ့သည်။
 
Source: CNA


Follow us on