1. Home
  2. International News

ဘုရားကျောင်းထဲ ဂိမ်းကစားရင်း မိန်းကလေး ၃ ဦး မကောင်းဆိုးဝါး ၀င်ပူးခံရ

International News ก.ย. 15, 2559 view 1,655

-ပီရူးနိုင်ငံမှ ဆယ်ကျော်သက်မိန်းကလေး ၃ ဦးဟာ ဘုရားကျောင်းတခုထဲမှာ ဂိမ်းကစားရင်း သရဲတစ္ဆေ ၀င်ရောက်ပူးကပ်ခံခဲ့ရ

-၀င်ရောက်ပူးကပ်ခံခဲ့ရအတွက် အချိန် ၅ နာရီကျော်လောက်ကြာအောင် အစွဲပယောဂ ချွတ်ခဲ့ကြရပါတယ်

-ဒီမိန်းကလေးတွေဟာ နာမည်ကျော် ချာလီ-ချာလီ ဂိမ်းကို ကစားပြီး သရဲတစ္ဆေ ပူးကပ်ခံခဲ့ရတာပါ” လို့ ပြောပါတယ်

-သူတို့ဟာ တခြားကလေးတွေနဲ့အတူ Charlie Charlie Challenge အမည်ရတဲ့ အင်းချပ်ကွက်ပုံသဏ္ဌာန် စာရွက်ပေါ်မှာ ကစားရတဲ့ဂိမ်းကို ကစားပြီးချိန်မှာ ပူးကပ်ခံခဲ့ရတာလို သိရပါတယ်

-ဒီဂိမ်းဟာ ပီရူးနိုင်ငံမှာကလေးငယ် ထောင်နဲ့ချီ ကစားလေ့ရှိကြပြီး ဂိမ်းကစားစဉ်မှာ သူတို့ဟာ ချာလီအမည်ရတဲ့ မက္ကဆီကန် မကောင်းဆိုးဝါး သရဲတစ္ဆေတကောင်နဲ့ ဆက်သွယ်နိုင် ဂိမ်းလို့ဆိုပါတယ်

မက္ကဆီကန် ရှေးဟောင်းဒဏ္ဍာရီလာ ဒီဂိမ်းဟာ စာရွက်လွတ်တခုပေါ်မှာ ခဲတံ ၂ ချောင်းကို ကန့်လန့်ဖြတ်တင်ပြီး ပေါ်လာတဲ့ စတုရန်းကွက် ၄ ကွက်ကို ပုံဖော်ပြီး စာရွက်ပေါ်မှာ ‘ဟုတ်တယ်၊ မဟုတ်ဘူး’ လို့ ရေးခြစ်ပုံဖော်ကစားရတာပါ။ ကစားသူတွေက “ချာလီ၊ ချာလီ မင်းဒီမှာလား” ဆိုတဲ့ စကားကို ထပ်တလဲလဲ ပြောပြီး နောက်မှာ အဆိုပါ မကောင်းဆိုးဝါးမိစ္ဆာဟာ ၀င်ရောက်လာတယ်လို့ ယုံကြည်ကြတာပါ။ ချာလီကို နှုတ်မဆက်တဲ့သူတွေဟာ အသံတွေကြားရတာ၊ အနီးနားက အရာဝတ္ထုတွေ၊ အရိပ်တွေ ရွေ့လျားတာမျိုး၊ ဆိုးဝါးတဲ့ရယ်သံတွေ ကြားရတာမျိုးတွေ ကြုံရနိုင်တယ်လို့ ပြောကြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါ မိန်းကလေး ၃ ဦးဟာ ဘုရားကျောင်းကြမ်းပြင်ပေါ်မှာ သရဲတစ္ဆေတွေလို တုန်တက်နေကြပြီး ကြောက်လန့်စရာကောင်းတဲ့ အသံတွေနဲ့ အော်ဟစ်နေခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ထဲက တဦးဟာ ယိမ်းထိုးလှုပ်ရှားပြီး အနားက တယောက်ကို ထိုးနှက်တိုက်ခိုက်ဖို့ တိုးကပ်ခဲ့တဲ့အတွက် ဘုရားကျောင်းထဲမှ လုပ်သားတွေနဲ့ ရဲတွေက အလျင်အမြန်ပဲ ချုပ်နှောင်ထိန်းသိမ်းခဲ့ကြတာကို တွေ့ရပါတယ်။

ရဲတွေနဲ့ အနီးနား ဘုရားကျောင်းထဲ ရှိနေကြသူတွေဟာ သမ္မာကျမ်းစာထဲမှ ကျမ်းချက်တွေကို ရွတ်ဖတ်နေခဲ့ကြပြီး သရဲတစ္ဆေ ပူးကပ်ခံနေရတဲ့ မိန်းကလေးတွေကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဘုရားကျောင်းထဲမှ ခရစ်ယာန်ဘုန်းတော်ကြီးတပါးဟာ သူတို့ကို သရဲတစ္ဆေပူးကပ်မှုကနေ လွတ်မြောက်စေဖို့ ကြိုးစားပေးခဲ့ရတာလို့ သတင်းက ဆိုပါတယ်။ အချိန် ၅ နာရီကျော်ကြာပြီးချိန်မှာတော့ သူတို့ဟာ သာမန်အခြေအနေအတိုင်း ဖြစ်ခဲ့ကြပြီးနောက် အက်ကွီတော့စ်မြို့ ဒေသတွင်း ကျန်းမာရေးစင်တာတခုဆီ ပို့ဆောင်ခဲ့ကြရတာပါ။

Soure : burmese.dvb.no/



Follow us on