တစ်ရက်အတွင်းမှာတင် အကြိမ်ပေါင်း သန်း ၁၀၀ ကျော် ကြည့်ရှုခြင်းခံရပြီး စံချိန်တင်သွားတဲ့ Fifty Shades Darker ဇာတ်ကားလေးဖြစ်ပါတယ်။ ဖြန့်ချိပြီး၂၄ နာရီအတွင်းမှာ အကြိမ်ပေါင်း ၁၁၄ သန်း ကြည့်ရှုခံရတာဖြစ်ပါတယ်။ယခင်ကတော့ Star Wars : The Force Awakens ဇာတ်ကားရဲ့ နမူနာဗီဒီယိုက ကြိမ်ပေါင်း ၁၁၂ သန်းနဲ့ စံချိန်ရထားခဲ့တာပါ။
ယခုတော့ Fifty Shades Darker ရဲ့ နမူနာဗီဒီယိုက်The Forces Awakens ထက် အကြိမ်ပေါင်း ၂ သန်း ကျော်လွန်သွားခဲ့ပြီး " စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အကြိမ်အများဆုံးကြည့်ရှုခံရတဲ့ ဇာတ်ကားနမူနာ" အဖြစ် စံချိန်ချိုးလိုက်ပါတယ်။ဂျေမီဒေါ်နမ်နဲ့ ဒတ်ကိုတာဂျွန်ဆင်တို့ရဲ့ Fifty Shades Darker ဇာတ်ကားကို ရှေ့နှစ် ဖေဖော်ဝါရီမှာ စတင်ပြသမှာဖြစ်ပါတယ်။
credit : duwun.