1. Home
  2. International News

Snake River ချောက်ကို ဒုံးပျံစီး အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့သည့် စတန့်မင်းသား

International News ก.ย. 19, 2559 view 1,536

-အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုးပြည်နယ်မှာ ဟော်လီဝုဒ် စတန့်မင်းသားတဦးဟာ ဒုံးပျံကိုစီးပြီး Snake River ချောက်ကို အောင်အောင်မြင်မြင် ကျော်ဖြတ် စွမ်းရည်ပြခဲ့ပါတယ်

-သူ့တသက်လုံး မျှော်မှန်းခဲ့တဲ့ လုပ်ဆောင်မှုတခုဖြစ်ပြီး အခုလောက် တိကျပြီး အစီအစဉ်တကျ ဖြစ်ခဲ့တဲ့အလုပ် မရှိတော့ဘူးလို့လည်း အက်ဒီဘရောင်းက ပြောဆိုပါတယ်

-တစ်နာရီ မိုင် ၄၃၀ အရှိန်နှုန်းနဲ့ အမြင့်မီတာ ၃၀၀၀ လောက်အထိ မြင့်တက်သွားပြီး တဘက်ကမ်းကို လေထီးနဲ့ ပြန်လည်ဆင်းသက်ခဲ့တာပါ

၁၉၇၂ ခုနှစ်က ဒီ Snake River ချောက်ကို အခုလိုပဲ ဒုံးပျံစီး ကျော်ဖြတ်ပြသခဲ့တဲ့ စွန့်စားသူ အယ်ဗဲလ် ခနီဗဲလ် (Evel Knievel) ကို ဂုဏ်ပြုဖြတ်ကျော်ပြခဲ့တာလို့ စွမ်းရည်ပြသူ အက်ဒီ ဘရောင်း (Eddie Braun) က ပြောဆိုပါတယ်။၁၉၇၂ ခုနှစ်က သူ့လို စွန့်စားသူ ခနီဗဲလ်ဟာလည်း လာရောက်ကြည့်ရှုသူ ပရိသတ်ထောင်ချီရှေ့မှာ ပြသခဲ့တုန်းကတော့ သူလိုက်ပါခဲ့တဲ့ ဒုံးပျံက ချောက်တဘက်ကို မကျော်ဘဲ လွှတ်တင်လိုက်တဲ့ဘက်ကမ်းကိုပဲ လေထီးနဲ့ ပြန်ကျခဲ့တဲ့အတွက် အစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

Soure : burmese.dvb.no/



Follow us on