စက်တင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က တရုပ်နိုင်ငံ ပေကျင်းလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ ပိတ်ဆို့ပြီး လေယာဉ်ထွက်ချိန် နောက်ကျအောင် ပြုမူတဲ့ စုံတွဲတစ်တွဲကို အရေးယူလိုက်ပါတယ်။
ပေကျင်းကနေ ရှန်ဟိုင်းကို ပျံသန့်မယ့် လေယာဉ်အမှတ် CA1519 ဟာ ဒေသစံတော်ချိန် နံနက် ၉:၃၀ တွင် ထွက်ခွာရမည်ဖြစ်သော်လည်း အဆိုပါစုံတွဲက ပြေးလမ်းပေါ်မှာ ပိတ်ထားတဲ့အတွက် ထွက်ခွာချိန် မိနစ် ၂၀ ခန့် နောက်ကျသွားရပါတယ်။ လေယာဉ်အမှုထမ်းများက ဖျောင်းဖျပြောဆိုသော်လည်း နားမထောင်တဲ့အတွက် နောက်ဆုံး ရဲတွေရောက်လာပြီး ဆွဲထုတ်သွားခဲ့ရပါတယ်။
ယခုလိုပြုမူရတဲ့ အကြောင်းရင်းကတော့ သူတို့စီးရမယ့် လေယာဉ်ပျံ လွတ်သွားလို့ ဖြစ်ပါတယ်၊ သူတို့ဘက်က လေယာဉ်ထွက်ခွာမယ့်အချိန်ကို အကြောင်းမကြားလို့ လွတ်ရတယ်လို့ စွပ်စွဲခဲ့ပေမယ့် လေယာဉ်လက်မှတ်ပေါ်မှာ လေယာဉ်ပေါ်တက်ရမည့်အချိန်၊ လေယာဉ်ထွက်ခွာမည့် အချိန်တို့ကို ပုံနှိပ်ရေးသားထားတာကြောင့် သူတို့ရဲ့ ပေါ့လျော့မှုသာ ဖြစ်ခဲ့ပါတယ်။
ဥပဒေအရ သူတို့စုံတွဲကို ၅ ရက်ကနေ ၁၀ ထိ အချုပ်ချနိုင်ပြီး ဒဏ်ငွေ ယွမ် ၅၀၀/ ပေးဆောင်ရ နိုင်ပါတယ်။