1. Home
  2. International News

တရုပ်အာကသစခန်းတစ်ခု ကမ္ဘာမြေပေါ်သို့ ပြန်ပြုတ်ကျလာနေ

International News ก.ย. 22, 2559 view 1,675
လပေါင်းအတော်ကြာ သံသယဝင်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ အာကသစခန်းတစ်ခုဟာ အထိန်းအသိမ်း ကင်းမဲ့စွာနဲ့ ကမ္ဘာကို ဦးတည်လျှက် ပြန်လည်ပြုတ်ကျလာနေကြောင်း တရုပ်နိုင်ငံက အတည်ပြုပြောကြားလိုက်ပါတယ်။
“တိုင်ဂွန်း-၁” လို့ အမည်ရတဲ့ အာကာသစခန်းတစ်ခုဟာ ၂၀၁၇ ခုနှစ် အတွင်းမှာ ကမ္ထာမြေပေါ်ပြုတ်ကျလိမ့်မယ်လို့ တရုပ်အာကာသအစီအစဉ်ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးက ပြီးခဲ့တဲ့အပတ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စင်ဟွာသတင်းဌါနကို ပြောကြားလိုက်ပါတယ်။ လက်ရှိအခြေနေမှာ အာကာသစခန်းက ပတ်လမ်းရဲ့ မိုင် ၂၃၀ အကွာလောက်မှာ ရောက်ရှိနေကြောင်း ဖြည့်စွက်ပြောခဲ့ပါတယ်။
 
ကျွန်တော်တို့ရဲ့ တွက်ချက်ထားမှုအပေါ် မူတည်ပြီးပြောရမယ်ဆိုရင် အာကာသစခန်းရဲ့ အစိတ်အပိုင်း အတော်များများက ပြန်ကျလာတဲ့အရှိန်နဲ့ အာကာသထဲမှာပဲ လောင်ကျွမ်းသွားပါလိမ့်မယ်” ဟု တရုပ်အာကာသ အင်ဂျင်နီရာရုံးအဖွဲ့မှ လက်ထောက်ဒါရိုက်တာ ‘ဝူပင်း’ က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အာကသအေဂျင်စီနေနဲ့ “တိုင်ဂွန်း-၁” ရဲ့ လှုပ်ရှားမှုအခြေအနေများကို မျက်ခြေမပြတ် လိုက်လံစောင့်ကြည့်နေမှာဖြစ်ပြီး ကမ္ဘာမြေကို ရောက်လာမယ့်အချိန်ကို အမြဲသတင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။
 
အရှည် ၃၄ ပေခန့်ရှိတဲ့ “တိုင်ဂွန်း-၁” ကို တရုပ်ရဲ့ ပထမဆုံး လူလိုက်ပါတဲ့ အာကာသစခန်းအဖြစ် ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် မတ်လမှာ အစီစဉ် ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကထဲက နက္ခတ်ဗေဒပညာရှင် အတော်များများက အာကာသစခန်းဟာ ရည်ရွယ်ချက်မဲံစွာနဲ့ လျှောက်လှည့်နေပြီး အထိမ်းကွပ်မဲ့စွာ ကမ္ဘာမြေဆီကို ပြန်လည်ဦးတည်လာနေတယ်ဆိုတာ သတိထားမိခဲ့ကြပါတယ်။ မသေချာ မရေရာမှုတွေ ရှိနေသေးတာကြောင့် တရုပ်အစိုးရက နှုတ်ပိတ်နေခဲ့ပါတယ်။
 
စမ်းသပ်လေ့လာရေး အာကာသစခန်း “တိုင်ဂွန်း-၂” ကို တရုပ်နိုင်ငံက ပြီးခဲ့တဲ့ အပတ်က လွှတ်တင်ခဲ့ပါတယ်၊ နောင်ဆယ်စုနှစ် တစ်ခုမှာ လုံးဝပြီးပြည့်စုံတဲ့ အာကာသစခန်းကြီးတစ်ခု လွှတ်တင်ဖို့ စီစဉ်လျှက်ရှိပါတယ်။
 
 
(ပုံမှာ တရုပ်ရဲ့ အနာဂါတ်မှာ တည်ဆောက်မည့် အာကာသစခန်းကို မှန်းဆရေးဆွဲထားတာဖြစ်ပါသည်)


Follow us on