1. Home
  2. International News

ရဲအရာရှိအမျိုးသမီးတစ်ဦး လူသေမှုဖြင့် တရားစွဲခံရ

International News ก.ย. 23, 2559 view 1,435
အမေရိကန်နိုင်ငံ၊ တူလ်ဆာ၊ အိုကလာဟိုးမား ပြည်နယ်မှ အမျိုးသမီးရဲအရာရှိ ‘ဘက်တီရှယ်လ်ဘီ’ ကို လူသေမှုဖြစ်စေခဲ့တဲ့အတွက် တရားစွဲခံထားရပါတယ်။
 
စက်တင်ဘာလ ၁၆ ရက်နေ့က ရဲအရာရှိ ‘ဘက်တီရှယ်လ်ဘီ’ ဟာ တာဝန်ထမ်းဆောင်နေစဉ် အသက် ၄၀ နှစ်အရွယ် ‘တဲရန့်စ် ခရက်ချာ’ ဆိုသူ အာဖရိကနွယ်ဝင် အမေရိကန်လူမည်း တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ​သေဆုံးသွားခဲ့ပါတယ်။ 
 
ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးမှ အရေးပေါ် ၉၁၁ သို့ခေါ်ဆိုခဲ့ပြီး၊ စွန့်ပစ်ထားတဲ့ ကားတစ်စင်း လမ်းမကြီးပေါ်မှာ ပိတ်ဆို့နေပြီး လူတစ်ဦးမှ ပြေးရင်းလွှားရင်းနဲ့ အဆိုပါကားက ပေါက်ကွဲတော့မယ်လို့ ပြောတယ်လို့ ဖုန်းခေါ်သတင်းပေးခဲ့ပါတယ်။
 
‘ရှယ်လ်ဘီ’ က အခင်းဖြစ်ရာနေရာသို့ ပထမဆုံးရောက်လာခဲ့တဲ့ ရဲအရာရှိပါ၊ သို့သော် ၉၁၁ ခေါ်ဆိုမှုကြောင့် မဟုတ်ပဲ အခြားအိမ်တွင်းရေးပြဿနာ တစ်ခုအတွက် ဖုန်းရထားလို့ ဖြေရှင်းဖို့ သွားတာဖြစ်ပါတယ်။ ‘ခရက်ချာ’ က ကားကို လမ်းမှာရပ်ထားပြီး လမ်းမပေါ်မှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ 
 
‘ရှယ်လ်ဘီ’ က ကားကို ဘလောက်တစ်ခုလောက် အကွာမှာ ရပ်ခဲ့ပြီး ‘ခရက်ချာ’ ဆီကို လျှောက်သွားခဲ့ပါတယ်။ ‘ခရက်ချာ’ က ကားဆီကို လျှောက်သွားတဲ့အခါ သူမက ဆက်မသွားဖို့ ပြောခဲ့ပေမယ့် ဘာတုန့်ပြန်မှုမှ မရပဲ လက်မြှောက်ထားရက် ဆက်လျှောက်သွားပါတယ်၊ ‘ခရက်ချာ’ ကားတံခါးနားကို ရောက်တဲ့အချိန်မှာ တစ်စုံတစ်ခု လှုပ်ရှားတော့မယ်လို့ ယူဆပြီး ရဲအရာရှိ ‘ရှယ်လ်ဘီ’ က သေနတ်နဲ့ ပစ်ချလိုက်ပါတယ်။
 
ကားထဲကို ရှာဖွေရာမှာတော့ မည်သည့် လက်နက်မှ မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရဲအရာရှိ ‘ရှယ်လ်ဘီ’ ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး၊ သူမရဲ့ အကြောက်တရားကြောင့် ဘာလုပ်မိလို့ လုပ်မိမှန်း မသိရာကနေ အခုလို ပစ်ခတ်မိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။


Follow us on