1. Home
  2. International News

ဘေ့စ်ဘောကစားသမား ဂျိုဆေ ဖာနန်ဒက်စ် ရဲ့ နောက်ဆုံးစတေးတပ်စ်က သူ့ချစ်သူကို အသဲကွဲစေခဲ့သလား

International News ก.ย. 27, 2559 view 1,461
ကိုယ့်ဘဝထဲကို မင်းရောက်လာခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်၊ ငါတို့နှစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့်ခရီးဟာ ဘာတွေပဲကြုံရကြုံရ ကိုယ်မင်းအတွက် အသင့်ဖြစ်နေပါပြီ
ဆိုရှယ်နက်ဝေါ့ခ်မီဒီယာ တစ်ခုမှာ ‘ဂျိုဆေ’ က သူ့ချစ်သူ ကောင်မလေးအတွက် ရေးထားခဲ့တဲ့ နောက်ဆုံး စတေးတပ်စ်လေး တစ်ခုဖြစ်ပါတယ်။ မီယာမီ မာလင်အသင်းရဲ့ အားထားရတဲ့ ဘေ့စ်ဘောအားကစားသမား တစ်ယောက်ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ်မှာ ’ဂျိုဆေ ဖာနန်ဒက်စ်’ တစ်ယောက် မီယာမီအငူမှာ မောင်းလာတဲ့ စပိဘုတ်လှေ၊ ကျောက်ဆောင်များနှင့် တိုက်မိကာ ဒဏ်ရာအပြင်းအထန်ရပြီး ကွယ်လွန်သွားခဲ့ပါတယ်။
 
 
သူ မကွယ်လွန်မီ တစ်ပတ်ခန့်အလိုက သူတို့ ချစ်သူမောင်နှံ နှစ်ဦးမှာ ရင်သွေးလေးရှိလာတော့မယ့် အကြောင်း ပရိဿတ်ကို အသိပေးခဲ့ပါသေးတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ကြသူတွေဖြစ်ပြီး အခုတော့ ချစ်သူမိန်းကလေးက ကြေကွဲဝမ်းနည်းစွာ ကျန်နေခဲ့ပါတယ်။
 
 
သူကွယ်လွန်သွားပြီ ဆိုတာကို သူ့ရဲ့ အသင်းနဲ့တစ်ကွ အမာခံပရိဿတ်တွေကပါ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြပါတယ်။ သူ့အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်ဟေးလ်စ် က 'ဂျိုဆေ'ဟာ အသင်းအတွက် အားထားရပြီး အနာဂါတ်ကောင်းတွေကို ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်တယ်လို့ မျက်ရည်လည်ရွဲနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
 
 
‘ဂျိုဆေ’ မတော်တဆ သေဆုံးခဲ့ရမှုကို ရဲအဖွဲ့က စုံစမ်းစစ်ဆေးလျှက်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲပြီး ရမ်းရမ်းကားကား မောင်းနှင်ခဲ့တာမျိုး မတွေ့ခဲ့ရဘူးလို့ သတင်းရရှိပါသည်။
 


Follow us on