1. Home
  2. International News

တရားမဝင်တူးဖော်မှုကြောင့် မိုင်းတွင်းပေါက်ကွဲမှု တရုပ်တွင်ဖြစ်ပွား

International News ก.ย. 28, 2559 view 1,473
တရားမဝင် မိုင်းတွင်းတူးဖော်ရေးတွင် ပေါက်ကွဲမှုဖြစ်ကာ လူ ၉ ဦးသေးဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေသည်ဟု တရုပ် အာဏာပိုင်များက ကြေညာလိုက်ပါတယ်။ အင်္ဂါနေ့နေ့ နံနက်ပိုင်းက ရှီဇူးရှန်မြို့ရဲ့ မြေအောက်တစ်နေရာတွင်  တူးဖော်ရေးလုပ်နေသော အသေးစားကျောက်မီးသွေးတွင်း တူးဖော်ရေးလုပ်သား အယောက် ၂၀ အလုပ်လုပ်နေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်လို့ စင်ဟွာသတင်းဌါနက ဖော်ပြခဲ့ပါတယ်။
 
အဆိုပါ ပေါက်ကွဲမှုတွင် တာဝန်ရှိသော ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီဖြစ်တဲ့ Linli Coal Mining Co. Ltd., ကို ရဲတပ်ဖွဲက အရေးယူထားခဲ့ပါတယ်။ ကနဦးစုံစမ်းစစ်ဆေးချက်များအရ တရားမဝင်တူးဖော်မှု့ကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ချခဲ့သော်လည်း ကုမ္ပဏီကို မေးမြန်ရန် ဆက်သွယ်လို့ မရခဲ့တဲ့အတွက် အသေးစိတ်ကို ဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။
 
တရုပ်ပြည်က မိုင်းတွင်းများဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံးစာရင်းတွင် အရင်ကထဲကနေ ခုချိန်ထိ ပါဝင်နေဆဲဖြစ်ပါတယ်၊ သို့သော် ယခုနှစ်များအတွင်းမှာ လုပ်ငန်းခွင် လုံခြုံရေးနှင့်ပက်သက်တဲ့ အစီစဉ်များ တိုးမြှင့်ဆောင်ရွက်လာတာကြောင့် လူသေမှုများ လျော့ကျလာပါတယ်။
 
ရှီဇူးရှန်မြို့ အာဏာပိုင်များက ဂစ်သုံးဆွဲမှုကို မထိန်းသိမ်းနိုင်တဲ့အတွက် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့  အတည်ပြုခဲ့ပြီး အသေးစိတ်ကိုတော့ ဖော်ပြနိုင်ခြင်းမရှိသေးပါ။


Follow us on