1. Home
  2. International News

ဈေးဝယ်စင်တာတွင် လေသန့်များ ရောင်းချပြီး ဝယ်ရှုသူများရှိနေ

International News ก.ย. 29, 2559 view 1,602
စက်တင်ဘာ ၂၆ ။ တရုပ်နိုင်ငံ ‘ရှီယန်း’ မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် လေသန့်များကို ပလတ်စတစ်အိတ်ထဲထည့်ကာ တစ်အိတ်လျှင် တရုပ်ငွေ ၁ ယွမ် နှင့်ရောင်းချလျှက်ရှိပြီး ဝယ်ရှုသူများရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ လေသန့်ဟု တံဆိပ်ကပ်ထားသော လေများ၏ အရင်းမြစ်ကိုမှု မည်သူမှ သေချာမသိရသော်လည်း ‘ရှီယန်း’ မြို့တွင် ရှုနေကြရသော လေထက် သန့်စင်မည်မှာ မလွဲပါ။
 
 
တရုပ်နိုင်ငံ၏ မြို့ကြီးတစ်မြို့ဖြစ်သည့် ‘ရှီယန်း’ မှာ မီးခိုးမြူများအမြဲတမ်းဝေနေတတ်ပြီး ဆောင်းဦးရာသီမှာတော့ ပိုလို့ အခြေနေဆိုးတတ်ပါတယ်။ လေထုညစ်ညမ်းမှု တိုင်းတာခြင်း PM2.5 အမှတ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးဌါနက သတ်မှတ်ထားသည့် ဘေးအန္တရာယ်ကင်းရှင်းသည့် လေထုအဆင့်ကိုပင် မမီပါ။ သို့သေည် ၎င်းအနေအထားက တရုပ်ပြည်၏ အသင့်အတင့် လေထုအခြေနေသာဖြစ်သည်။
 
 
လက်တလော လေ့လာမှုများအရ အဆိုပါ မီးချုးမြူများကို ရှုနေကြရသူများသည် သာမန်ထက် ၂၅ လ ပို၍ အသက်တိုစေနိုင်ကြောင်း တွေ့ရှိရသည်။ အခြားတွေ့ရှိချက် တစ်ခုတွင်မှု၊ ၂၀၁၅ ခုနှစ်တွင် တရုပ်ပြည်တွင်နေထိုင်သူများရဲ့  လူဦးရေ ၄ သန်းကျော်က ကင်ဆာရောဂါခံစားနေကြရပြီး နောက်ထပ် ၃ သန်းလောက်က ယင်းဝေဒနာနှင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 
 
တရုပ်ပြည်တွင် ၂၀၁၀ ခုနှစ်ကတည်းက ကင်ဆာကြောင့် သေဆုံးခဲ့သည်က ဦးဆောင်နေခဲ့ပြီး အများဆုံးမှာ အဆုတ်ကင်ဆာကြောင့် ဖြစ်သည်။ ကျန်းမာရေးသတိပေးချက်များ မပြုလုပ်ပဲ စီးပွားရှာလို့ အကောင်းဆုံးနည်းဖြစ်သည့် လေသန့်များကို ကနေဒါ နှင့် သြစတြေးလျတို့မှ တင်သွင်းပြီး ဈေးကြီးကြီးနှင့် ရောင်းချနေခြင်းက မိမိကျန်းမာရေးအတွက် ပြည်သူများအချင်းချင်းသာ အလုအယက်ဖြစ်စေသည်။ မည်သို့ပင် ဆိုစေကာမူ ‘ရှီယန်း’ ဈေးဝယ်စင်တာက လေသန့်များကို ဈေးကြီးကြီးနဲ့ ရောင်းမည့်အစား အများပြည်သူ လိုက်မီနိုင်စေရန် အသက်သာဆုံးဈေးနှင့် ရောင်းချပေးနေပြီး၊ ယခုကဲ့သို့ လေသန့်ဝယ်ရှုနေရသည့် အခြေနေကို အားလုံးက သတိထားမိကာ မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိရှိလာစေရန်အတွက် အားထုတ်မှုတစ်ခုဖြစ်ပါသည်။ 


Follow us on