1. Home
  2. International News

လိင်အာသာဖြေကရိယာမှ အသံကို ဗုံးဟုထင်မှတ်၍ Air Asia လေယာဉ်နောက်ကျ

International News ก.ย. 30, 2559 view 1,656
စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် Air Asia လေကြောင်းတွင် လိင်အာသာဖြေကရိယာမှ တစ်ကျိကျိ မည်သံကို ဗုံးပါလာသည်ဟု ထင်မှတ်ခဲ့ပြီး လေယာဉ်ထွက်ချိန်နောက်ကျခဲ့မှုတစ်ခု ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့သည်။
 
လေယာဉ်ပေါ်သို့ ကုန်သေတ္တာများ တင်နေချိန်တွင် လိင်ကရိယာ၏ တုန်ခါမှုအသံက သေတ္တာအထုတ်များတစ်နေရာမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည့် အတွက် ကုန်သေတ္တာတင် လုပ်သားများက ကြောက်လန့်ကာ ဗုံးရှင်းလင်းရေး ကျွမ်းကျင်အဖွဲ့ကို ရေဒီယိုနှင့် ဆက်သွယ်သတင်းပို့ခဲ့ပြီး လေယာဉ်ပြေလမ်းပေါ်သို့ တက်ပြေးခဲ့ကြသည်။
နောက်ဆုံးမှာတော့ အသံထွက်နေသောအရာသည် လိင်ကရိယာတစ်ခု၏ တုန်ခါစေသော ခလုတ်အမှတ်မထင် ထိမိပြီး အသံထွက်လာခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။
 
"အိပ်ကြီးက လှုပ်နေပြီး အထဲကလည်း အသံတွေထွက်လာတယ်ဗျ၊ ကျွန်တော်တို့ တစ်ကယ်ကြောက်သွားတယ်၊ အထဲမှာ ဗုံးမဟုတ်ရင်တောင် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုခုလည်း ဖြစ်နိုင်တာပဲလေ" ဟု ကုန်သေတ္တာတင် အလုပ်သမားတစ်ဦးက ပြောကြားခဲ့ပါတယ်။
 
အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ် ၅ မိနစ်ခန့် နောက်ကျခဲ့ရပါတယ်။


Follow us on