ကျောက်ကပ်တွင် ကျောက်တည်သော ဝေဒနာခံစားနေရသူများအတွက် အမေရိကန်နိုင်ငံ၊ ဖလော်ရေဒါရှိ အပန်းဖြေကစားကွင်း ဒစ္စနေဝေါလ်က ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကုစားရန်နေရာ ဖြစ်ကြောင်း ကျန်းမာရေးသုတေသီများ အမှတ်မထင်တွေ့ရှိခဲ့သည်။ ကျောက်ကပ်တွင် ကျောက်တည်နေသူများ အဆိုပါအပန်းဖြေကစားကွင်းရှိ အမြင့်ဆုံး ရိုလာကိုစတာ ဖြစ်သည့် “Thunder Mountain” ကို စီးခဲ့ပြီးနောက် နာကျင်မှုမရှိပဲ ကျောက်များအလိုလျောက် ထွက်ကျခဲ့ကြောင်း၊ ကျောက်ကြီးများပင် ကြွေကျခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြသည်။
အဆိုပါအချက်လက်များ မှန်ကန်မှု ရှိ/မရှိကို သုံးဖက်မြင် ကျောက်ကပ်ပုံအတု တစ်ခုဖန်တီး၍ စမ်းသပ်ခဲ့ရာ ကျောက်ကပ်တွင်း တည်နေသော ကျောက်ကြီးများပင် ပြုတ်ထွက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဒစ္စနေဝေါလ် ကစားကွင်းတွင် ရိုလာကိုစတာ သုံးခုရှိပြီး၊ အခြား နှစ်ခုတွင် အလုပ်မဖြစ်ပဲ အကြီးဆုံးဖြစ်သည့် "Thunder Mountain” ရိုလာကိုစတာ စီးမှသာ ကျောက်များအမှန်တစ်ကယ် ကြွေကျနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ရိုလာကိုစတာ၏ ရှေ့ဆုံးပိုင်းတွင် စီးပါက ကျောက်ကြွေကျမှု ၁၆% ရှိပြီး နောက်ဆုံးတွဲတွင် စီးနင်းပါက ၇၀% ထိကြွေကျနိုင်ကြောင်း သိရှိရသည်။
ရိုလာကိုစတာဖွဲ့စည်းထားပုံက လူ၏ခန္ဓာကိုယ်ကို အထက်အောက် ဂျွမ်းပြန်လည်စေပြီး ကျောက်ကပ်အတွင်း တည်နေသော ကျောက်သည် တုန်ခါမှု့ကြောင့် လှုပ်ခါဖြုတ်ချသလို ဖြစ်ခဲ့သည်ဟု မစ်ချီကန်ပြည်နယ် တက္ကသိုလ်မှ ဒေါက်တာ ဒေးဗစ်ဝါတင်ဂါ မှ ပြောကြားခဲ့သည်။