1. Home
  2. International News

ကိုယ်ဝန်ဖျက်ချမှုအား တရားမဝင်ဟု ပြဌါန်းမည့် ဥပဒေသစ်ကို ထောင်ပေါင်းများစွာသော ပိုလန်အမျိုးသမီးများ ဆန္ဒပြ

International News ต.ค. 04, 2559 view 1,516
ထောင်ပေါင်းများစွာသော ပိုလန်အမျိုးသမီးများ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ကာ “ကိုယ်ဝန်ဖျက်ချခြင်း” ဥပဒေပြဌါန်းချက် အသစ်ကို ဆန္ဒပြဖို့ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ ယခုကဲ့သို့ ဆန္ဒပြရန် လမ်းပေါ်တက်လာကြတဲ့အတွက် တစ်နိုင်ငံလုံးရဲ့ အလုပ်သမားအင်အား တစ်ဝက်လောက်ဆုံးရှုံးရတဲ့အတွက် ပိုလန်နိုင်ငံရှိ မြို့ပေါင်း ၆၀ လောက်မှာ အစိုးရရုံးတွေ၊ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
 
“Black Monday” လို အမည်ပေးထားတဲ့ အဆိုပါနေ့မှာ အမျိုးသမီးတွေက အနက်ရောင်တွေဝတ်ပြီး သူတို့ရဲ့ ကလေးဖျက်ချခွင့်ဥပဒေ မဆုံးရှုံးရအောင် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ပိုလန်နိုင်ငံက ကလေးဖျက်ချခွင့်ဆိုင်ရာ ဥပဒေအတင်းကျပ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိဥပဒေအနေနဲ့ အဓ္ဓမပြုကျင့်ခံရတဲ့အခါ၊ သွေးသားရင်းချာခြင်း စပ်ယှက်မိတဲ့အခါ၊ သန္ဒေသားက မွေးဖွားလာရင် ချို့ယွင်းနေမှာမျိုး နဲ့ ကိုယ်ဝန်ကြောင့် အသက်အန္တရာယ်ရှိလာနိုင်တဲ့ အခါမျိုးတွေမှာ ရလာတဲ့ ကိုယ်ဝန်ကို တရားဝင်ဖျက်ချပိုင်ခွင့်ပြုထားပါတယ်။
 
ပါလီမန်ကော်မရှင်က အသစ်ပြဌါန်းရန် ပြင်ဆင်နေသာ ဥပဒေတွင် မည်သည့်ကိုယ်ဝန်ဖျက်ချမှုကိုမျှ တရားဝင်ခွင့်မပြုတော့ပဲ ကိုယ်ဝန်ဖျက်ချခြင်းက တရားမဝင်ဖြစ်လာပါလိမ့်မည်။ ဆန္ဒပြသူများထဲမှ အုပ်စုတစ်စုက ဝါဆောမှာရှိတဲ့ အစိုးရရုံးချုပ်ကို ပိတ်ဆို့ပြီး “ငါတို့လိုချင်တာ ဆရာဝန်တွေဖြစ်တယ်၊ သာသနာပြုသူတွေ မဟုတ်ဘူး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ 
 
“ဒါဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးကို သူတို့ချိုးဖောက်တာပါ။ နာကျင်ခဲ့တဲ့ အမျိုးသမီးတွေ၊ ကျန်းမာရေး အထောက်အပံ့ငြင်းပယ်ခံရတဲ့ အမျိုးသမီးတွေဘက်က ရပ်တည်သွားမှာပါ။ မသန်မစွမ်း ဉာဏ်ရည်မမီတဲ့ ကလေးတွေမွေးလာအောင် ဖိအားပေးနေသလိုပါပဲ။ ပြီးတော့ ကျွန်မသမီးအတွက် ကျွန်မကြိုးစား ဆန္ဒပြနေတာပါ” လို့ ဆန္ဒထုတ်ဖော်သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။
 
“အသက်တစ်ချောင်းရဲ့ ရပိုင်ခွင် ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ချပိုင်ခွင့်  ဆိုတာ ကျွန်တော်တို့ အနောက်တိုင်း လူမှုအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ သူတို့လုပ်ချင်ရာလုပ်ပါ (ဆန္ဒပြသူများကိုရည်ညွှန်း၍)။ ပိုလန်နိုင်ငံမှာ ပြဿနာအကြီးကြီးတွေ ဖြစ်မလာဘူးလို့ သူတို့ထင်နေရင် ဆက်လုပ်ပါစေ” ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး “Witold Waszczykowski” က ပြောသည်။
 
ယူကေအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု ဒါရိုက်တာဖြစ်သူ Kasia Staszewska က “ပိုလန်ရဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေက ဥရောပနိုင်ငံတွေမှာ အတင်းကျပ်ဆုံး ဖြစ်ပြီးသားပါ၊ အခုပြဌါန်းမယ့် ဥပဒေသစ်က အမျိုးသမီးထုတစ်ရပ်လုံးကို စော်ကားလိုက်တာဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေး၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို သူတို့ကသာလျှင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် ရှိရမယ်” ဟု ဆိုပါသည်။ 
“အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဖျက်ချဖို့ လိုအပ်တယ်ဆိုတာ ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ဘူး၊ သူ့ရဲ့ ကျန်းမာရေးနဲ့ သူ့ခန္ဓာကိုယ်အတွက် သူကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စမှာ နိုင်ငံရေးသမားတွေက ဝင်ရောက်စွက်ဖက်တာမျိုးက မဖြစ်သင့်ဘူး” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
 
ပိုလန်နိုင်ငံရှိ အမျိုးသမီးအများစုမှာ ကက်သလစ်ဘာသာဝင်များဖြစ်ကြပြီး၊ အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချခွင့် အရေးကို အဆုံးရှုံးမခံနိုင်ကြသည့်အတွက် ပိုလန်နိင်ငံ၏ လမ်းမများထက်တွင် တိုက်ပွဲဝင်လျှက်ရှိကြသည်။  


Follow us on