1. Home
  2. International News

ကိုယ်လုံးတီး အိပ်ပျော်နေတဲ့ အမျိုးသမီးအား စောင်မကြည့်ရှု့မိတဲ့အတွက် ထောင်ဒဏ် ကျခံရ

International News ต.ค. 05, 2559 view 1,825
စင်ကာပူနိုင်ငံတွင် အသက် ၃၁ နှစ်အရွယ် 'တန်ချင်ယောင်' ဆိုသူ အမျိုးသားတစ်ဦးက တစ်အိမ်ထဲအတူနေသော အိမ်ခန်းဖော်အမျိုးသမီးတစ်ဦး၏ အခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး စောင်မကာ ကိုယ်လုံးတီးနှင့် အိပ်နေသည်ကို ကြည့်ရှုခဲ့သဖြင့် ကာအိနြေ္ဒပျက်အောင် စော်ကားမှု ၂ ခု၊ ပိုင်နက်ကျူးလွန်မှု၊ ဖိအားပေးမှု နှင့် ညစ်ညမ်းရုပ်ရှင်များ လက်ဝယ်တွေ့မှု စသည့် စွဲချက် ၅ ခုဖြင့် တရားစွဲခံထားခဲ့ရပါတယ်။ အဆိုပါ ပြစ်မှု ၅ ခုအတွက် ‘မစ္စတာတန်’ က ပြစ်ဒဏ်လျော့ပေါ့ပေးရန် အသနားခံထားပါတယ်။
 
တရားရုံးတွင် ကြားနာစစ်ဆေးမှုများအရ -
 
‘မစ္စတာတန်’ က မလေးရှားလူမျိုးဖြစ်ပြီး စင်ကာပူကုမ္ပဏီတစ်ခုတွင် ကားမောင်းသမားအဖြစ် လုပ်ကိုင်နေပြီး ပါဆာရစ် ရပ်ကွပ်က တိုက်ခန်းတစ်ခုကို ဧပြီလ ၉ ရက်နေ့က စတင်ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အဆိုပါ တိုက်ခန်းတွင် အိမ်ရှင်၊ စုံတွဲတစ်တွဲနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့က တစ်ခန်းစီ ယခင်ကထဲက နေထိုင်လျှက်ရှိကြသည်။ တစ်ဦးတည်းနေ အမျိုးသမီးမှာ ပင်မအိပ်ခန်းကျယ်တွင် လွန်ခဲ့သော ၃ နှစ်ခန့်ထဲက နေထိုင်ခဲ့ခြင်းဖြစ်သည်။ 
 
သူမ၏ အကျင့်တစ်ခုမှာ ညဖက်အိပ်ယာဝင်လျှင် ကိုယ်လုံးတီးနှင့် အိပ်တတ်ခြင်းဖြစ်ပြီး အခန်းတံခါးကိုတော့ သော့ချထားလေ့ရှိသည်။ ‘မစ္စတာတန်’ အဆိုပါအိမ်သို့ ပြောင်းရွေ့လာပြီး တစ်ပတ်လောက်အကြာ ဧပြီလ ၁၅ ရက်နေ့ နံနက်စောစော ၅ နာရီခန့်အချိန်တွင် သူမခြုံထားသော စောင်ကို တစ်ယောက်ယောက်က ဖြေးဖြေးချင်း ၃ ခါလောက် လှန်နေတယ်လို့ ခံစားရတာကြောင့် သူမနိုးလာခဲ့ပါတယ်။ အခန်းတံခါးကို စစ်ကြည့်တော့ ပိတ်ထားပေမယ့် သောတော့မချထားပါဘူး၊ ဒါနဲ့ပဲ သူမက အခန်းမီးကို ဖွင့်လိုက်တယ်ဆိုရင်ဖြင့် သူမရဲ့ ဘေးမှာ ကိုယ်လုံးတီးနဲ့ မတ်တပ်ရပ်နေတဲ့ ‘မစ္စတာတန်’ ကို တွေ့လိုက်ရပါတယ်။
ကြောက်လန့်တကြားနဲ့ အော်လိုက်တဲ့အချိန်မှာ ‘မစ္စတာတန်’ က သူမရဲ့ပါးစပ်ကို သူ့လက်နဲ့အတင်းအုပ်ကာပြီး မအော်နိုင်အောင် လုပ်ပါတယ်။ သူမက အတင်းရုန်းဖယ်ပြီး ‘မစ္စတာတန်’ ကို စောင့်တွန်းချခဲ့ပါတယ်။ အဲ့သည့်နောက်မှာ သူမက ရဲကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။
 
သူမရဲ့ အော်သံကြောင့် အိမ်ရှင်လည်း နိုးသွားပြီး သူမရဲ့အခန်းထဲကို ရောက်လာခဲ့ပါတယ်၊ အဲဒီနေ့မှာပဲ ‘မစ္စတာတန်’ ကို ရဲက ဖမ်းဆီးသားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ‘မစ္စတာတန်’ ရဲ့ Samsung Galaxy Note 5 ထဲမှာ အဆိုပါအမျိုးသမီး ကိုယ်တုံးလုံးနဲ့ အိပ်နေတဲ့ ဓါတ်ပုံတွေကို တွေ့ရှိခဲ့ရပြီး အဆိုပါ ပုံများက ဧပြီ ၁၂ ရက် နံနက် ၅:၄၀ လောက်က ရိုက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ‘မစ္စတာတန်’ ရဲ့ ဖုန်းထဲမှာ ညစ်ညမ်းရုပ်ရှင်ကား ၇၀ လောက်ကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။
 
အဆိုပါ ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်များက ပိုင်နက်ကျူးလွန်မှုနဲ့ ဖိအားပေးမှု အတွက် ထောင်ဒဏ် ၃ လ နှင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁,၅၀၀။ အမျိုးသမီး ကာအိနြေ္ဒပျက်စေအောင် စော်ကားမှုအတွက် ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ။ ညစ်ညမ်းရုပ်ရှင် လက်ဝယ်တွေ့ရှိမှုအတွက် ထောင်ဒဏ် ၆ လ ချမှတ် နိုင်မှာဖြစ်ပါတယ်။
 
Ref:StraitsTimes


Follow us on