1. Home
  2. International News

သတို့သမီးအဖြစ် ရောင်းစားခံရသူ ၁၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေး

International News ต.ค. 10, 2559 view 1,908
တရုပ်နိုင်ငံအရှေ့ပိုင်း စူကျိုးမြို့က ဆေးရုံတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အသက် ၄၀ အရွယ်အမျိုးသားနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတို့မှ ဆေးစစ်ရန်ခေါ်ဆောင်လာရာမှ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
 
 
အမျိုးသားဖြစ်သူက အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သူ၏ဇနီး အသက် ၂၀ ဖြစ်ကြောင်းပြောကာ လိမ်ညာ၍ ဆေးစစ်ခိုင်းခဲ့သည်။ အမျိုးသမီးဖြစ်သူမှာလည်း မိန်းကလေး၏ ယောက်္ခမဟု လိမ်လည်ခဲ့ကြသည်။ ဆရာဝန်က စမ်းသပ်စစ်ဆေးရာ မိန်းကလေးတွင် ကိုယ်ဝန် ၁၂ ပတ်သားရှိနေပြီး ကိုယ်ဝန်နှင့် သူမ၏ အသက်အရွယ်ပုံစံနှင့် လိုက်ဖက်မှုမရှိသောကြောင့် သံသယဝင်၍ စစ်ဆေးမေးမြန်မှုများပြုလုပ်ရာတွင် မိန်းကလေးမှာ တရုပ်စကားကိုလည်း နားမလည်ကြောင်း တွေ့ခဲ့ရသည်။
 
 
ဤကဲ့သို့ မေးမြန်စစ်ဆေးနေစဉ် အမျိုးသားဖြစ်သူက ရှုးရှုးရှားရှားဖြစ်ကာ “ငါသူ့ကို ဆေးစစ်ဖို့ခေါ်လာတာ၊ ကိုယ့်အလုပ်ကိုယ်လုပ်ကွ၊ မေးခွန်းတွေ လျှောက်မေးမနေနဲ့ဟု” အော်ငေါက်ခဲ့သဖြင့် ဆရာဝန်က ရဲစခန်းကို အကြောင်းကြားခဲ့သည်။
 
 
စုံစမ်းစစ်ဆေးသူများက အဆိုပါမိန်းကလေးသည် အာရှောင်ပိုင်း အိမ်နီးချင်းနိုင်ငံ တစ်ခုခုက ဖြစ်နိုင်ပြီး လူကုန်ကူးခံထားရသူ ဖြစ်နိုင်ကြောင်း၊ လက်ထပ်ထိမ်းမြားရန် အတင်းအဓ္ဓမ သို့မဟုတ် ရောင်းစားခံရတာဖြစ်နိုင်ကြောင်း သံသယဝင်လျှက်ရှိသည်။ 


Follow us on