1. Home
  2. International News

အထပ်မြင့်တိုက်ပြိုကျပျက်ဆီူမှုများကြာက ရင်နင့်ဖွယ်ရာမြင်ကွင်း

International News ต.ค. 12, 2559 view 1,697
တရုပ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အထပ်မြင့်လူနေအိမ် အဆောက်အဦပြိုကျခဲ့မှုတွင် အသက်ရှင်ကျန်ခဲ့သူများအား တိုက်ကျိုးတိုက်ပျက်များကြားမှ ရှာဖွေကယ်ဆယ်လေးလုပ်ငန်း၌ ရင်နင့်ဖွယ်ရာမြင်ကွင်းတစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့က မြင်တွေ့ခဲ့ကြရသည်။
 
 
ဖခင်ဖြစ်သူ၏ ပွေ့ပိုက်ထားမှုကြောင့် သမီးငယ်ဖြစ်သူမှာ အကျိုးအပဲ့အပျက်ဆီးများ၏ အတွင်းနက်နက် အထဲတွင် အသက်ရှင်လျှက်ပြန်လည် တွေ့ရှိခဲ့ရသည်။ သမီးငယ် ‘ဝူနင်းရှီ’ မှာ တိုက်ပြိုကျခဲ့ပြီး ၁၂ နာရီလောက် အပျက်အစီးများကြားတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ သူမ၏ ဖခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် စက်ရုံလုပ်သားတစ်ဦးဖြစ်သူမှာတော့ သမီးငယ်ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ကာကွယ်ထားရင် ပြိုကျမှုများပိကာ သေဆုံးသွားခဲ့သည်။ ကျန်မိသားစုဝင်များမှာလည်း အရှင်လတ်လတ် မြေမြုတ်သင်္ဂြိုလ်သကဲ့သို့ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူ၏ အလောင်းကို ကယ်ဆယ်နိုင်ခဲ့သည့် သမီးငယ်၏ အနီးနားတွင်ပင် တွေ့ရှိခဲ့ရသည်။
 
 
အဆိုပါ လူနေတိုက်တန်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ရသည်။ ပြိုကျရသည့် အကြောင်းကိုတော့ စုံစမ်းစစ်ဆေးလျှက်ရှိသည်။ ယခုတစ်လော မိုးသည်းထန်စွာရွာသွန်းမှုနှင့် အဆောက်အဦ၏ အရည်အသွေးမပြည့်မီမှုတို့ ပေါင်းစပ်ပြီး ပြိုကျခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ 
အဆောက်အဦတွင် နေထိုင်သူအများစုက နယ်ဖက်မှပြောင်းရွေ့လာကြသူများဖြစ်ပြီး ‘ဝူနင်းရှီ’ ၏ မိသားစုများလည်း အပါအဝင်ဖြစ်သည်။ တရုပ်ပြည်တွင် မကြာခဏ အဆောက်အဦပြိုကျမှုများ ဖြစ်နေပြီး အများစုက အရည်အသွေးမပြည်မီပဲ ဆောက်လုပ်ထားမှုကြောင့်ဟု ဆိုသည်။
 


Follow us on