1. Home
  2. International News

ကလေးငယ်များနှင့် စက်လှေခါးစီးရင် သတိထားရမယ့် အဖြစ်ပျက်

International News ต.ค. 18, 2559 view 1,531
အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဈေးဝယ်စင်တာတစ်ခုရဲ့ စက်လှေခါးပေါ်မှ ပြုတ်ကျပြီး အပြင်အထန်ဒဏ်ရာရခဲ့သဖြင့် ဆေးရုံပေါ်တွင် အသက်ဘေးနှင့် ရင်ဆိုင်နေရပါတယ်။
 
အောက်တိုဘာ ၁၆ ရက်(တနင်္ဂနွေနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ CCTV ပုံရိပ်များပြန်လည် စစ်ဆေးမှုအရ ဈေးဝယ်လာကြသော မိသားစု ၄ ဦး (အဖေ၊ အမေ၊ ပြုတ်ကျသူ ကလေး နှင့် သူမရဲ့ အစ်ကို) တို့ ဖြစ်ပြီး သူမက ဖခင်၏လည်ဂုတ်ပေါ်တွင်ထိုင်လိုက်လာခဲ့သည်။ 
အပေါ်ထပ်သို့ တက်ရန် စက်လှေခါးစီးသည့်အခါသူမရဲ့ အစ်ကိုဖြစ်သူက သူတို့၏ရှေ့တွင် မတ်တပ်ရပ်စီးခဲ့သည်။ ရှေ့မှစီးသူ အစ်ကိုက စက်လှေခါးထစ်မှ ချော်ကျမလိုဖြစ်သွားပြီး အဖေဖြစ်သူက ကမန်းကတန်းလှမ်းထိမ်းလိုက်သည့်အခါတွင် ခါးကိုကိုင်းလိုက်ရသည့်အတွက် သတိလက်လွတ်ဖြစ်ကာ ဂုတ်ပေါ်တင်ထားသော သမီးငယ်ကို ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ အဖြစ်ပျက်မှာ မြန်ဆန်လွန်းသည့်အတွက် မိခင်ဖြစ်သူက ဘာမှမကူညီနိုင်ခဲ့ပဲ မှင်သက်မိနေခဲ့သည်။ ကလေးငယ်အား ပီနန်ဆေးရုံးကြီးသို့ ပို့ဆောင်ထားပြီး အထူးအရေးပေါ်အခြေနေနဲ့ ကုသနေရဆဲဖြစ်သည်။ 
 
အဆိုပါဖြစ်စဉ်ကို ၂၀၀၁ ခုနှစ်ကလေးသူငယ် ဥပဒေ ၃၁(၁)(က) ကလေးအားစောင့်လျှောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အနာတရဖြစ်စေမှု ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


Follow us on