1. Home
  2. International News

ဥက္ကာပျံများ ဖြာထွက်ပျံသန်းသည်ကို ယနေ့ညတွင် တွေ့မြင်နိုင်မည်ဟု မျှော်လင့်

International News ต.ค. 21, 2559 view 1,615
Orionid ဥက္ကာပျံများ၏ လှုပ်ရှားမှုကို ကမ္ဘာမြေမှနေ၍ တစ်နှစ်လျှင် တစ်ကြိမ်ခန့် မြင်တွေ့ကြရပြီး များသောအားဖြင့် အောက်တိုဘာလထဲတွင် တွေ့မြင်ရတတ်သည်။ ဥက္ကာပျံ အခု ၂၀ လောက် ပျံသန်းတာကို တစ်နာရီခြား တစ်ကြိမ်လောက် မြင်တွေ့ရတတ်လေ့ရှိသည်။
 
၂၀၁၆ ခုနှစ်အတွက် Orionid ဥက္ကာပျံများ ဖြတ်သန်းမှုကို အောက်တိုဘာလ ၂၁ ရက် (ယနေ့) ညတွင် ကမ္ဘာမြေမှမြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားပြီး နေဝင်ဖျိုးဖျ မတိုင်မီအချိန်နှင့် ညသန်းခေါင်ယံကျော်ချိန်တို့တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။
Orionid ဥက္ကာပျံ အစုအဖွဲ့ထဲမှ တစ်ခု နှစ်ခုလောက်က ဟေလီကြယ်တံခွန်မှ ပဲ့ကြွေလာသော ဥက္ကာခဲလေးများဖြစ်ပြီး ရေပန်းသဖွယ် ဖြာထွက်လွင့်စင်လာသည်ကို ကမ္ဘာမြေမှ တစ်နှစ်တစ်ခါ တွေ့မြင်နိုင်ခြင်းဖြစ်သည်။
 
 
အဆိုပါ ဥက္ကာပျံများ ဖြတ်သန်းမှုကို အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာ ၇ ရဉ်နေ့အထိ အလျင်းသင့်သလို တွေ့မြင်ရနိုင်ပြီး အကောင်းဆုံး အထင်းရှားဆုံး တွေ့မြင်နိုင်မည့်နေမှာ အောက်တိုဘာ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ အစောပိုင်းဟု ခန့်မှန်းထားကြသည်။
 
ဥက္ကာပျံများ ဖြတ်ပျံမှုကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုပါက မြို့ပြမီးရောင်များနှင့် ဝေးရာ၊ အဆောက်အဦအမြင့်များမရှိသော လယ်ကွင်း၊ ကွင်းပြင်တို့မှ ပို၍ထင်ရှားစွာ တွေ့မြင်ကြရပါလိမ့်မည်။
 
 
Orionid ဥက္ကာပျံ ဖြတ်သန်းမှုကို စောင့်ကြည့်ကြရန် Facebook ကလည်း သုံးစွဲသူများ၏ စာမျက်နှာထက်မှာလည်း အသိပေးနှိုးဆော်ထားပါသည်။
 


Follow us on