1. Home
  2. International News

ဘဏ်ကာဒ် ၃.၂သန်းကျော် လုံခြုံရေး အချက်လက်ခိုးယူသုံးစွဲခံရ၍ ပိုင်ရှင်များ ဒုက္ခတွေ့နေ

International News ต.ค. 21, 2559 view 1,435
ATM စက်များမှတစ်ဆင့် ကွန်ပျူတာဗိုင်းရပ်စ် ထွင်းဖောက်ဝင်ရောက်ခဲ့ပြီး ဘဏ်ကာဒ် ၃.၂သန်းကျော် အိန္ဒိယတွင် ကူးစက်ခံခဲ့ရကြောင်း The Economic Times သတင်းစာမှ အတည်ပြုရေးသားခဲ့ပါတယ်။
 
Debit card ကို ATM စက်ထဲသို့ ထည့်ပြီးငွေထုတ်ယူစဉ် ကာဒ်၏လုံခြုံရေးအချက်လက်နဲ့ ပင်ကုဒ်နံပါတ်တို့ကို နောက်ကွယ်မှ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ အိန္ဒိယဘဏ် SBI အပါအဝင်  HDFC Bank ၊ Axis Bank ၊ ICICI Bank နှင့် Yes Bank တို့ပါ လုံခြုံရေးဖောက်ထွင်းခံခဲ့ရခြင်းဖြစ်သည်။
 
 
အဆိုပါ ဗိုင်းရပ်စ်(malware) ကို ဟစ်တာချီရဲ့ ငွေပေးချေမှု ဝန်ဆောင်မှုစနစ်မှာ အစပျိုးခဲ့တာဖြစ်ပြီး အဆိုပါ malware က ပိုက်ဆံထုတ်ယူနိုင်တဲ့ ကိုယ်ရေးအချက်လက်များကို ခိုးယူပေးတယ်လို့ ပြောဆိုကြပါတယ်။
 
 
ဘဏ်ကာဒ်ပိုင်ရှင်တွေက သူတို့ရဲ့ ကာဒ်တွေနဲ့ တရုပ်ပြည်က ATM စက်တွေမှာ ငွေထုတ်ယူပြီး၊ ဈေးဝယ်စင်တာတွေမှာ ကာဒ်ဆွဲပြီး ဝယ်ယူမှုတွေ ခံနေရကြောင်း ဘဏ်တွေကို တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ ဘဏ်တွေက ခိုးယူခံနေကြရသူတွေအတွက် ဘဏ်ကာဒ်တွေကို လဲလှယ်ပေးနေပြီး ပင်ကုဒ်တွေပြောင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
 
 
နိုင်ငံတစ်ကာနဲ့ ငွေကြေးချိပ်ဆက်လုပ်ကိုင်မှုတွေကို ဘဏ်တွေက ခတ္တရပ်ဆိုင်းထားပြီး ဘဏ်ကာဒ် ၆ သိန်းကျော်ကို ပြန်လည်လဲလှယ်ပေးပြီး ဖြစ်ပါတယ်။ အိန္ဒိယဘဏ် SBI က သူတို့ရဲ့ ဘဏ်လုပ်ငန်းကွန်ယက်ကနေ ဖြစ်ခဲ့ခြင်းမဟုတ်တာ သေချာကြောင်း ပြောဆိုခဲ့ပါတယ်။
 
၆ ပတ်ကြာမျှစုံစမ်းထောက်လှမ်းနေစဉ်ကာလတွင်း ဘဏ်ကဒ် ၃.၂ သန်းဟာ ဟီတာချီကွန်ယက်ကို အသုံးပြုခဲ့ပါတယ်။ အဆိုပါအမှုကို အိန္ဒိယအခြေစိုက် ငွေပေးချေမှုစနစ် လုံခြုံရေးကျွမ်းကျင်ကုမ္ပဏီ Banglore က စုံစမ်းနေဆဲဖြစ်ပါတယ်။
 


Follow us on