1. Home
  2. International News

ဟီလာရီကလင်တန်ဘက်မှ မဲထည့်ပေးမည့် ဘယ်သူ့ကိုမဆို (Oral sex) လုပ်ပေးမယ်ဆိုတဲ့ မက်ဒေါနား

International News ต.ค. 21, 2559 view 1,513

မကြာမီအချိန်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ် တစ်ဦး ပြတ်ပြတ်သားသား ထွက်ပေါ်လာဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့အခြေအနေမှာ အင်အားကြီးပါတီနှစ်ခုရဲ့ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ခံကြတဲ့ ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရန့်နဲ့ သမ္မတဟောင်း ကလင်တန်ရဲ့ ဇနီးသည် ဟီလာရီ ကလင်တန်တို့ရဲ့ အကြိတ်အနယ် ရွေးကောက်ခံအားပြိုင်ခြင်းတွေ က အမြင့်ဆုံး အရှိန်ကိုရောက်ရှိလာခဲ့ပါတယ်။

နှစ်ဖက်ပါတီတို့က ပြည်နယ်အသီးသီးတွေရဲ့ ထောက်ခံအားပေးမှု ရလာဒ် ရှေ့နောက်မကွာ ရမှတ်များဖြင့် ရှိနေခဲ့တဲ့အခြေအနေမှာ နှစ်ဖက်စလုံးရဲ့ မဲဆွယ်စည်းရုံးရေးအစီအစဉ်တွေကိုလည်း ပိုမိုပြီး တော့ အရှိန်မြင့်လာပါတယ်။ အဲ့ဒါမှာ လူထုအားပေးထောက်ခံမှုနဲ့ နာမည်ကြီး အနုပညာရှင်တွေတော်တော်များများရဲ့အားပေး ထောက်ခံမှုတွေ ရရှိထားတဲ့ ဟီလာရီအတွက် နာမည်ကျော် အနုပ ညာရှင်တွေကလည်း မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ကြိုးစားပေးကြ တာကို မြင်တွေ့ရပါတယ်။ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မကြီးလို့ဆိုရမယ့် အဆိုတော်မကြီး မယ် ဒေါနားကတော့ ဟီလာရီကို အပြည့်အဝထောက်ခံအားပေးတဲ့သူ ဖြစ်သလို သူမရဲ့ အောင်မြင်မှုတွေနဲ့ အရှိန်အဝါတွေနဲ့လည်း ဟီလာ ရီကိုသာ မဲဆွယ်ကြဖို့ စည်းရုံးလိုက်ပါတယ်။

အကယ်၍ ဟီလာရီကို သာ မဲထည့်ကြမယ်ဆိုရင် မဲထည့်ကြတဲ့သူတွေကို သူမကနေပြီး လိင်ပိုင်းဆိုင်ရာ အပြုအမူ (Blow Job) ကို ပြုလုပ်ပေးမယ်ဆိုတဲ့ အကြောင်း အင်စတာဂရမ်မှာ ရေးသားပြောကြားလိုက်ပါတယ်။ ဒီလိုမျိုး အံ့သြစရာကောင်းပြီး မယုံကြည်နိုင်လောက်တဲ့ ရှက်စရာ ကောင်းတဲ့ အလဲအလှယ်မှုမျိုးကို တကယ်လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းနဲ့ သံသယတွေအတွက်ကိုလည်း သူမက အာမခံပြီးတော့ တကယ့်ကိုဖြစ်စေရမယ်ဆိုတဲ့ ကတိစကားအရေးအသားတွေကို ရေးသားထားပြီး သူမအနေနဲ့ ရှက်ရွံ့ကြောက်လန့်တာမျိုးတွေလုံး ဝမရှိကြောင်း ပြောကြားထားပါတယ်။ သူမအပြင် ဒီလိုမျိုး ထူးခြား ပြီး လူတွေကို အံ့သြသွားစေလောက်တဲ့ မဲဆွယ်စည်းရုံးမှုမျိုးကို နာ မည်ကြီးအဆိုတော် ဘရစ်တနီစပီးယားကလည်း မကြာသေးမီက ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Soure : phothutaw



Follow us on