1. Home
  2. International News

ဒေါ်နယ်ထရန့် ဒေါ်လာ ၁၀,၀၀၀ ဖြင့် အဖော်လုပ်ပေးရန် မြူဆွယ်ခဲ့ကြောင်း အပြာမင်းသမီးစွပ်စွဲ

International News ต.ค. 25, 2559 view 1,434
အပြာရုပ်ရှင်မင်းသမီးတစ်ဦးက ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်သည် မိမိကို သူတည်းခိုရာအခန်းသို့ တစ်ဦးတည်းလာခဲ့ပါက ဒေါ်လာ ၁ဝဝဝဝ ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
 
အပြာရုပ်ရှင်မင်းသမီး ဂျက်ဆီကာဒရိတ်က ထင်ရှားသော နာမည်ကျော်ရှေ့နေကြီး ဂလိုရီယာအဲလ်ဖရက်နှင့်အတူ လော့စ်အိန် ဂျလိစ်မြို့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
 
သူမသည် အိမ်ခြံမြေသူဌေးကြီး သမ္မတလောင်း ဒေါ်နယ်ထရန့် ကို စွပ်စွဲသူ ၁၁ ဦးမြောက် အမျိုးသမီးတစ်ဦးဖြစ်လာသည်။ သူဌေးကြီး ဒေါ်နယ်ထရန့်နှင့် အပေါင်းပါများက မိမိအား မဟုတ်တမ်းတရား ညစ်ညမ်းစွာပြောဆိုပြီး အဓမ္မနမ်းရှုပ်ခဲ့သည်ဟု သူမက ပြောဆိုလိုက် သည်။ 
 
သူဌေးကြီး ဒေါ်နယ်ထရန့်ကို ၂ဝဝ၆ ခုနှစ်က ကယ်လီဖိုးနီးယား ဂေါက်ရိုက်ပြိုင်ပွဲတစ်ခု၌ သိကျွမ်းခဲ့ပြီး မိမိအား မြှောက်ပင့်ပြောဆို ကာ ဂေါက်ကွင်းအတွင်း အတူလမ်းလျှောက်ရန်ဖိတ်ခေါ်ပြီး ဤသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မိမိက အခြားအမျိုးသမီးအဖော်နှစ်ဦးနှင့် အတူ တည်းခိုရာအခန်းသို့ သွားရောက်ခဲ့ရာတွင် ထရန့်က မိမိ တို့အားလုံးကို တင်းကျပ်စွာပွေ့ဖက်၍ မပြောမဆို နမ်းရှုပ်ခဲ့သည်ဟု ဒရိတ်က ပြောဆိုခဲ့သည်။ ခရီးမှပြန်ခါနီးတွင် သူ၏အခန်းထဲသို့ သူမတစ်ဦးတည်းကို ဖိတ်ခေါ်၍ သူ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် လော့စ်အိန်ဂျလိစ်သို့ အပြန်တွင် အဖော် အဖြစ်လိုက်ပေးပါက ဒေါ်လာ ၁ဝဝဝဝ ပေးမည်ဟု ပြောဆိုခဲ့သည်ဟု ဒရိတ် က ပြောဆိုခဲ့သည်။
 
ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ထရန့်၏ ရွေးကောက်ပွဲအောင် နိုင်ရေးအဖွဲ့က ငြင်းဆိုလိုက်ပြီး ထရန့်အနေဖြင့် ဒရိတ်ကို မသိရှိခဲ့ကြောင်းနှင့် အကယ်၍ သိရှိခဲ့ပါကလည်း စိတ်ဝင်စားမည် မဟုတ်ကြောင်း ကြေညာချက်ထုတ် ပြန်ဖြေရှင်းခဲ့သည်။
 
အဆိုပါလုပ်ရပ်သည် ပြိုင်ဘက်ဟီလာရီ ကလင်တန်အဖွဲ့မှ လီဆယ်စွပ်စွဲ ခြင်းသက်သက်သာဖြစ်သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်းကပင် မိန်းမရှုပ်ပွေကြောင်း စွပ်စွဲချက်များစွာ ပေါ်ထွက်လာခဲ့ပြီး 
ဤစွပ်စွဲချက်များအားလုံးက မိမိကို မဟုတ်တမ်းတရားစွပ်စွဲချက် များဖြစ်၍ ရွေးကောက်ပွဲပြီးပါက တရားစွဲဆိုခြင်း ပြန်လည်ပြုလုပ် မည်ဟု ဒေါ်နယ်ထရန့်က မဲဆွယ်ပွဲများတွင် ပြန်လည်ကြိမ်းဝါး ပြောဆိုခဲ့သည်။
 
Credit:YMG
 


Follow us on