1. Home
  2. International News

လှူတဲ့အိတ်ထဲမှာ ကလေးသူငယ်အပေါ် ကျူးလွန်ထားတဲ့ဓာတ်ပုံတွေ ပါသွားလို့ အဖမ်းခံခဲ့ရသူ

International News ต.ค. 25, 2559 view 1,457

-အမေရိကန် အိုဟိုင်ယိုပြည်နယ်၊ ကိုလံဘက်စ်မြို့မှာ နေထိုင်တဲ့ Gary Sovie အမည်ရ အသက် 49 နှစ်အရွယ် အမျိုးသားကြီးကတော့ သူရဲ့ နမော်နမဲ့နိုင်မှုကြောင့် အဖမ်းခံခဲ့ရပါတယ်။ အကြောင်းကတော့ Gary ဟာ လူမှုရေးအသင်းအဖွဲ့တစ်ခုကို မရှိဆင်းရဲသားတွေ အသုံးလိုရင် သုံးနိုင်ဖို့အတွက် မိမိရဲ့ အိတ်အဟောင်းတစ်ခုကို လှူဒါန်းခဲ့ပါတယ်။ဒါပေမယ့် အဲဒီ အိတ်ထဲမှာ ၎င်းကိုယ်တိုင် ရိုက်ကူးထားတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားနေတဲ့ ဓာတ်ပုံတွေ ပါသွားခဲ့ပါတယ်။ ဒီအတွက် သူ့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

-Gary ဟာ ယခင်က ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ လှူလိုက်တဲ့ အိတ်ထဲမှာ မဖွယ်မရာ ဓာတ်ပုံ 32 ပုံ ပါဝင်သွားခဲ့တာပါ။အိတ်ကိုအလှူခံရရှိတဲ့ လူမှုရေးအသင်းက အဆိုပါအိတ်ကို ၎င်းဆီ ပြန်ပို့ပြီး မကြာမီမှာ ကလေးသူငယ်အပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကားမှုနဲ့ Gray ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ Gray က ရဲတပ်ဖွဲ့က ဖမ်းဆီးတဲ့အချိန်မှာ ၎င်းဟာ အလွန်နေမကောင်း ထိုင်မသာဖြစ်နေလို့ ဆိုင်းငံပါဦးဆိုပြီး တောင်းပန်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ယုံကြည်မှုမရှိပဲ ဖမ်းဆီးခဲ့ပါတယ်။

-အဓမ္မမှုကျူးလွန်ခံရတဲ့ ကာယကရှင်ကောင်မလေးရဲ့ အမေကတော့ ဒီဓာတ်ပုံတွေဟာ သူ့သမီး အသက် 16 နှစ်နဲ့ 18 နှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ပုံတွေဖြစ်ပြီး၊ ဒီကိစ္စမဖြစ်ခင်အချိန်တုန်းက သူတို့ရဲ့ အနေအထိုင်ပိရိမှုကြောင့် မိမိအနေနဲ့ လုံးဝ မရိပ်မိခဲ့ကြောင်း မိခင်က ၀န်ခံခဲ့ပါတယ်။Gray ဟာ မုဒိန်းမှု၊ လိင်ဆက်ဆံရန် အရွယ်မရောက်သူအား အတင်းစွဲဆောင်မှု၊ အရွယ်မရောက်သေးသူကို လိက်ဆက် ဆံမှု စတဲ့ ပြစ်မှုတွေမှာ အပြစ်ရှိတယ်လို့ ယူဆခဲ့ပြီး ထောင်ဒဏ် 17 နှစ် ကျခံစေရန်နဲ့ တရားရုံးစာရိတ်အဖြစ် ဒဏ်ငွေ ဒေါ်လာ 35000 ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Credit : shwemom



Follow us on