1. Home
  2. International News

ဆိုမာလီပင်လယ်ဓားပြများ၏ ငါးနှစ်ကြာ ဓားစာခံလုပ်ခံရသူများက ကြွက်များကို စားသောက်ကာ အသက်ဆက်ခဲ့ရ

International News ต.ค. 25, 2559 view 1,630

၂၀၁၂ ခုနှစ်မတ်လ၌ Seychelles ကျွန်းနိုင်ငံငယ်လေး၏တောင်ဘက်တွင် Naham 3 သင်္ဘောကိုပြန်ပေးဆွဲသွားခဲ့ပြီးနောက် သင်္ဘောသားများအားလုံးမှာ ဓားစားခံအဖြစ်ဖမ်းဆီးခံထားခဲ့ရပါတယ်။တံငါရွာတွင် နှစ်နှင့်ချီအောင် ဖမ်းဆီးခံထားခဲ့ရသော သင်္ဘော သား ၂၉ ဦးလိုက်ပါသွားခဲ့သော် သင်္ဘောပြန်ပေးဆွဲခံရစဉ်တွင် တစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာလည်း ချုပ်နှောင့်ခံထားရစဉ်တွင် အဖျားရောဂါများ ကြောင့်သေဆုံးခဲ့သည်။

ဆိုမာလီပင်လယ်ဓားပြများ၏ ငါးနှစ်ကြာ ဓားစာခံလုပ်ခံရသည့် သင်္ဘောသားအုပ်စုတစ်စုက အသက်ရှင်သန်ရေးအတွက် ကြွက်များကိုပင် စားသောက်ခဲ့ရကြောင်း အသက်ရှင်လွတ်မြောက်သူတစ်ဦးက ပြောသည်။ ဓားစာခံအဖြစ် ဖမ်းခံထားရစဉ်က ပင်လယ်ဓားပြများက ၎င်းတို့အား ရေအနည်းငယ်သာ ပေးကြောင်း၊ ဘယ်နေ့ သေမလဲ စောင့်နေရသကဲ့သို့ ခံစားရကြောင်း လွတ်မြောက်လာသည့် ဖိလစ်ပိုင်သင်္ဘောသား ဘယ်ဘာရိုက ပြောသည်။ ၂၀၁၂ ခုနှစ်က သင်္ဘောသား ၂၆ ဦးအား ၎င်းတို့၏ သင်္ဘောနှင့်အတူ ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးခဲ့ပြီးနောက် ဆိုမာလီသို့ ဓားစာခံခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

Soure : mizzimaburmese



Follow us on