1. Home
  2. International News

လျှပ်စစ်စက်ဘီးသမား ၃ ဦး ကွန်တိန်နာယာဉ်တိုက်ပြီး ၁ ဦးပွဲချင်းပြီးသေဆုံး

International News ต.ค. 28, 2559 view 1,498
အောက်တိုဘာလ ၂၇ ရက်နေ့၊ စင်ကာပူနိုင်ငံ ဝက်စ်ကို့စ်အမြန်လမ်းမကြီးပေါ်၌ ည ၁၂ နာရီအချိန်ခန့်တွင် ကွန်တိန်နာတွဲကားက လျှပ်စစ်စက်ဘီး စီးနင်းလာသူ ၃ ဦးကို တိုက်မိခဲ့ပြီး နေရာတွင်ပင် တစ်ဦးသေဆုံး၍ ကျန်နှစ်ဦးမှာ အမျိုးသားတက္ကသိုလ်ဆေးရုံ(NUH) သို့တင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။ 
ဆေးရုံသို့တင်ပို့ခဲ့ရသူ နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံရောက်ပြီး မကြာမီတွင် သေဆုံးသွားခဲ့သည်။ ကျန်တစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ 
 
 
အသက် ၃၄ နှစ်အရွယ် ကွန်တိန်နာယာဉ်မောင်းအား မဆင်မခြင်မောင်းနှင်ခြင်း ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ မတော်တဆမှု ဓါတ်ပုံနှင့် ဗီဓီယိုများကို စင်ကာပူနိုင်ငံတွင်နေထိုင်သော မြန်မာအမျိုးသား ကိုနိုင်ဌေး ဆိုသူက အွန်လိုင်းမီဒီယာပေါ်သို့ ရိုက်ကူးမျှဝေ သတင်းပေးခဲ့သည်။
မတော်တဆမှုတွင် ယာဉ်တိုက်ခံရသူအားလုံးမှာ တရုပ်လူမျိုးများဖြစ်ကြောင်း သိရှိရသည်။
 
*သတိပြုရန်*
ဗီဒီယိုတွင် စိတ်မချမ်းမြေ့စရာမြင်ကွင်းများ ပါဝင်ပါသည်။
 

 



Follow us on