1. Home
  2. International News

ရထားလာနေစဉ် တွန်းချခံရ၍ သေဆုံးမှု နယူးယောက်မြေအောက်ဘူတာရုံတွင် ဖြစ်ပွား

International News พ.ย. 09, 2559 view 1,513
နိုဝင်ဘာလ ၇ ရက် (တနင်္လာနေ့)က နယူးယောက်မြို့ရှိ မြေအောက်ဘူတာတစ်ခုတွင် လူအုပ်ကြားထဲ၌ ရထားရပ်စောင့်နေသူတစ်ဦး အတွန်းခံရ၍ ရထားတိုက်ပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
နေ့လည် ၁ နာရီအချိန်ခန့်က တိုင်းမ်းစကွဲ ဘူတာထဲသို့ ရထားဝင်လာချိန်တွင် ရထားရပ်စောင့်နေသူ အမျိုးသမီးတစ်ဦး အနောက်ဖက်မှ ဆတ်ကနဲ့အတွန်းခံရမှုကြောင့် ရထားလမ်းပေါ်ပြုတ်ကျကာ ရထားတိုက်ပြီး သေဆုံးခဲ့တာကို လူအများထိတ်လန့်တကြား မြင်တွေ့ခဲ့ရပါတယ်။ မျက်မြင်သက်သေများက ရဲကို ချက်ချင်းသတင်းပေးပို့ခဲ့တာကြောင့် သံသယရှိသူဟု စွပ်စွဲခံရသူ ပန်းရောင်အင်္ကျီနှင့် လည်စည်းပဝါ ဝတ်ဆင်ထားသည့်  အမျိုးတစ်ဦးကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
 
 
သေဆုံးသူနှင့် အဖမ်းဆီးခံရသူကို ရဲအဖွဲ့မှ အမည်ထုတ်ဖော်ကြားထားခြင်း မရှိသေးပါ။ မျက်မြင်သက်သေ တစ်ဦး၏ ပြောပြချက်အရ ဆတ်ကနဲ့ မတွန်းလိုက်ခင်က ပန်းရောင်အင်္ကျီနှင့် လည်စည်းပဝါ ဝတ်ဆင်ထားသူ အမျိုးသမီးနှင့် သေဆုံးသူဟာ အငြင်းပွားမှုဖြစ်ခဲ့တယ်ဆိုတာ သိရတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။
 
 
အမျိုးသမီးရဲ့ အလောင်းကို ရထားလမ်းပေါ်မှ နှစ်နာရီကြာ ရှင်းလင်းခဲ့ပြီးနောက်မှာ ဘူတာရုံက ပုံမှန်ပြန်လည်ပတ်ခဲ့ပါတယ်။ နယူးယောက်မြို့ရဲ့ မြေအောက်ရထားဘူတာရုံတွေမှာ နှစ်စဉ် လူပေါင်း တစ်ဒါဇင်လောက် မတော်တဆမှုတွေ ဖြစ်လေ့ရှိတယ်ဟု မြို့တော်ပို့ဆောင်ရေး အာဏာပိုင်ဌါန စာရင်းအရ သိရှိရသည်။ 
မနှစ်ကလည်း အမျိုးသားတစ်ဦးကို ရထားလမ်းပေါ်တွန်းချပြီး သေဆုံးစေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခဲ့ပါသေးသည်။
 
Ref:Asiaone
 


Follow us on