အမေရိကန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲသမိုင်းကြောင်း တစ်လျောက်မှာ အပြင်ထန်ဆုံး ယှဉ်ပြိုင်မှုတစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်သမ္မတ အဖြစ် ဒေါ်နယ်ထရန့်ကို ပြည်သူတွေ မဲထည့်ပြီး ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှာ ဆန္ဒမဲနဲ့ အဆုံးဖြတ်ပေးခဲ့ရာမှာ ဒေါ်နယ်ထရန့်က (၂၇၆) မဲနဲ့ ဟီလရီကလင်တန်ကို အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ ထရန်ရဲ့ ပထမဦးဆုံးပြောတဲ့ မိန့်ခွန်းမှာ ဟီလာရီကလင်တန်က ဖုန်းနှင့်ဆက်သွယ်ကာ သူတို့ရဲ့ အောင်ပွဲအတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့တယ် ဆိုတာနဲ့ အစချီထားပါတယ်။ အမေရိကားအတွက် အောင်မြင်မယ့် စီးပွားရေး အစီအမံတွေရှိထားပြီး ဆတိုးအောင်မြင်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး အခြားနိုင်ငံတွေအနေနဲ့လည်း သူ့ရဲ့ အစီစဉ်တွေမှာ ပါဝင်လာအောင် လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထန့်က သူကိုအားပေးထောက်ခံခဲ့သူများကို သူကြောင့် မျက်နှာမပျက်စေရဘူးလို့လည်း ကတိပေးခဲ့ပါတယ်။ သူ့အနေနဲ့ သမ္မတသက်တမ်းကို နောက်ထပ်တစ်ကြိမ် ဆက်လက် ထမ်းဆောင်ဖို့ မျှော်လင့်ထားကြောင်း သူ့ရဲ့ မိန်းခွန်မှာ အရိပ်အမြွတ်ထည့်သွင်းပြောခဲ့ပါသေးတယ်။ သူ့ရဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ကြောင်း ပြောဆိုပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဘက် တစ်ဦးဖြစ်သူ ရိုင့်ခ်ျ ကို စင်ပေါ်သို့ ဖိတ်ခေါ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ရီပါဘလစ်ကန်မှ သမ္မတဖြစ်သူ ဒေါ်နယ်ထရန့်ရဲ့ ဇနီး “မလာနီယာထရန့်” ဟာ နိုင်ငံခြားမှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ၁၈၂၀ ခုနှစ်များက သမ္မတ ဂျွန်ကွင်စီ အဒမ်ရဲ့ ဇနီးသည် လူဝီဆာ အဒမ် ပြီးရင် နိုင်ငံခြားမှာမွေးဖွားခဲ့တဲ့ပထမဆုံး သမ္မတကတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေရဲ့ တစ်ဦးခြင်းစီရဲ့ စွမ်းပကားကို သူ့အနေနဲ့ သဘောပေါက်နားလည်တဲ့အတွက် မေ့ထားမှာမဟုတ်ကြောင်း၊ တိုင်းပြည်တွင်းမှာ ပြုပြင်မှုတွေ ပြုလုပ်ပြီး လမ်းပမ်းဆက်သွယ်ရေး၊ စာသင်ကျောင်း စတာတွေကို အသစ်ပြန်လည်တည်ဆောက်သွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေအတွက် ပြည်သူတွေ သန်းနဲ့ချီပြီး အလုပ်ရကြမယ်လို့ဆိုပါတယ်။
လူတိုင်းကို သာတူညီမျှအခွင့်ရေးပေး ဆက်ဆံသွားမှာဖြစ်ပြီး ပဋိပက္ခတွေ ဖြစ်မလာအောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အောင်မြင်မှုအကြီးစားတွေ အတွက် အိမ်မက်မက်ကြရအောင်ဟု မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။