1. Home
  2. International News

အမေရိကန်တွင် ဒေါ်နယ်ထရမ့်ကို မလိုလားသူများ လမ်းပေါ်ထွက် ဆန္ဒပြ

International News พ.ย. 10, 2559 view 1,476
ယမန်နေ့က အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ မဲအသာစီးရပြီး သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်ကို မလိုလားသူများက နယူးယောက်၊ ချီကာဂို စတဲ့မြို့ကြီးတွေအပါအဝင် မြို့ (၇) မြို့မှာေ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်နေကြပါတယ်။
 
 
အထူးသဖြင့် ကျောင်းသားကျောင်းသူများက ဦးဆောင်ဆန္ဒပြကြတာဖြစ်ပြီး ထရမ့်က တို့သမ္မတ မဟုတ်၊ ဖက်ဆစ်ဝါဒတိုက်ဖျက်ကြစတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ကာ နယူးယောက်စီးတီးနဲ့ ချီကာဂို တို့ရှိ ထရမ့်တာဝါတွေဆီ ဦးတည်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဝါရှင်တန်ဒီစီ၊ ဆန်ဖရန်စစ္စကို၊ ဆီယက်တယ်၊ အုက်ကလန်းနဲ့ ဖီလာဒဲဖီးယားမြို့တို့မှာလည်း အလာတူ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
 
 
ထရမ့်ကို မဲပေးခဲ့ကြသူများက အသက် ၄၅ နှစ်အထက်များ ဖြစ်ကြပြီး အသက် ၄၅ နှစ်အောက်တွေကတော့ ကလင်တန်ကို မဲပေးခဲ့ကြတယ်လို့ စီအင်န်အင်န် စစ်တမ်းများအရ သိရှိရပါတယ်။
 
Credit:ကုမုန္ဒြာ
 

 



Follow us on