1. Home
  2. International News

အိပ်ယာပေါ်ကပြုတ်ကျရင်း ဦးခေါင်းကို မတော်တဆ မီးပလပ်နဲ့စိုက်မိသွားတဲ့ ကလေးငယ်

International News พ.ย. 10, 2559 view 1,883

-Xiao Tang လို့ အမည်ရတဲ့ အသက် 2 နှစ်အရွယ် ကလေးငယ်လေးကတော့ အိပ်ယာအထက်ကနေ အောက်ကို ပြုတ်ကျခဲ့ပါတယ်။ အဲဒီမှာ မတော်တ ဦးခေါင်းက ပတ်လက်ဖြစ်နေတဲ့ မီးပလပ်အချောင်းပေါ်ကို တည့်တည့်ကျခဲ့ရာက ဦးခေါင်းအတွင်းကို ပလက်မှာတပ်တင်ထားတဲ့ ကြေးချောင်းတွေ စူးနစ်ဝင်ရောက်ခဲ့ပါတယ်။

-Tang ဟာ မိဘတွေနဲ့အတူ Guangzhou ပြည်နယ်မှာနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူဟာ ဦးခေါင်းထဲကို ကြေးချောင်းတွေ စိုက်ဝင်ခဲ့တဲ့ ဒဏ်ကြောင့် သည်းထည်စွာ ငိုကျွေးနေခဲ့ရပါတယ်။

ကံကောင်းတာက Tang ဟာ ဆေးရုံကိုရောက်တဲ့အထိ သတိမေ့မျော့ခြင်း မရှိပါဘူး။Tang ရဲ့ မိဘတွေဟာ အရင်ဦးဆုံး အနီးဆုံး ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။ ဆေးခန်းဒေါက်တာက အရေးပေါ်ခွဲစိတ်ဖို့လိုအပ်ကြောင်း မိဘတွေကို အကြံပေးကာ မြို့နယ်ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဆေးရုံမှာ ဓာတ်မှန်ရိုက် ကြည့်တဲ့အခါ မီးပလပ်ကြေးချောင်းတွေဟာ ဦးခေါင်းခွံအတွင်းဘက်ကို 2 စင်တီမီတာအထိ ကျော်ဝင်နေတဲ့အတွက် ခွဲ စိတ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဆရာဝန်တွေဟာ ပလပ်ပတ်ပတ်လည် ဦးခေါင်းခွံကို လှီးထုတ်ပစ်ပြီး ဂရုတစိုက် ဖယ်ရှားခဲ့ပါတယ်။ နောက် အဲဒီနေရာကို အစားထိုးပြန်ဖာပြီး ခွဲစိတ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ Tang ဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘဲ မကြာမီ ဆေးရုံက ဆင်းခွင့်ရတော့မှာလို့ သိရပါတယ်။

Soure: shwemom



Follow us on