1. Home
  2. International News

ထိုင်းအိမ်ရှေ့မင်းသား တာဝန်များထမ်းဆောင်ရန် ထိုင်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

International News พ.ย. 11, 2559 view 1,631
ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ “မဟာဗာဂျရာလောင်ကွန်း” နိုဝင်ဘာလ ၁၁ ရက်(ယနေ့)တွင် ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ လေးဦးထံမှ သတင်းအရ  ထီးနန်းဆက်ခံမည့်ရက်မတိုင်မီ ဂျာမဏီနိုင်ငံမှ ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ကိုယ်ရေးကိုယ်တာကိစ္စအတွက် အိမ်ရှေ့မင်းသား ဂျာမဏီကို ပြန်သွားခဲ့ချိန်မှာ ထီးနန်းဆက်ခံခြင်းနဲ့ ပက်သက်တဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
 
ပုံမှန်အားဖြင့် နောက်ထပ်တစ်နှစ်ခန့်ကြာမှ နန်းတက်ရမည်မှန်သော်ငြားလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထီးနန်းလွှဲပြောင်းရေးကိစ္စအတွက် ထိုင်နိုင်ငံဟာ ပြင်ဆင်နေပါပြီ။ ဘုရင်မင်းမြတ် “ဘူမိဘော အဒူနဒေ” နတ်ရွာစံသွားတဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကထဲက ထိုင်းနိုင်ငံမှာ အုပ်ချုပ်သူ ဧကရာဇ်မရှိပဲ ဘုရင်မင်းမြတ်ရဲ့ အကြံပေးဖြစ်သူ အသက် ၉၆ နှစ်အရွယ်ရှိ “ပရန် တင်စူလန်နွန်ဒ” ကပဲ နိုင်ငံကို ထိန်းကြောင်းပေးနေရပါတယ်။
 
အိမ်ရှေ့မင်းသားက ဝမ်းနည်းခြင်းအထိမ်းအမှတ်အတွက် သူ့ရဲ့ထီးနန်းဆက်ခံပွဲကို နောက်ရွေ့မယ်လို့ ပြောခဲ့ကြောင်း ဝန်ကြီးချုပ် “ပရာရတ် ချန်အိုချာ” က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါသေးတယ်။ အိမ်ရှေ့မင်းသားဟာ ယနေ့ညနေမှာ ကျင်းပမယ့် ဘုရင့်အစောင့်ရှောက် တပ်မတော်အခမ်းနားကို တက်ရောက်ဖို့ ဂျာမဏီက ပြန်လာခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ စစ်ဖက်က အကြီးတန်းအရှာရှိက အတည်ပြုပြောကြားခဲ့ပါတယ်။
 
အိမ်ရှေ့မင်းသား ထိုင်နိုင်ငံကို ပြန်လာခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ထီးနန်းဆက်ခံခြင်းနဲ့ ပက်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလတွေကိုလည်း ရပ်တန့်သွားစေဖို့ အချက်လည်း ပါဝင်ပါတယ်။ ဒါမှသာလျှင် နန်းဆက်ခံတဲ့ ကိစ္စဟာ လွယ်ကူချောမွေ့စေမှာဖြစ်ပါတယ်။ 
အိမ်ရှေ့မင်းသားဟာ ငယ်စဉ်က နိုင်ငံခြားတွင်သာ အနေများခဲ့သူဖြစ်ပြီး ဂျာမဏီမှာ ကိုယ်ပိုင်အိမ်နှင့် သူ၏သားဖြစ်သူ မင်းသားငယ် “ဒီပန်ကောင်း” ကိုလည်း ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကျောင်းထား ထားပါတယ်။ ထိုင်းစစ်အစိုးရက မင်းမျိုးမင်းနွယ်နှင့် သက်ဆိုင်သော ဖွဲ့စည်ပုံဥပဒေသစ် တစ်ရပ်ကို ကြာသပတေးနေ့က တင်သွင်းထားခဲ့ပါတယ်။
ဧကရာဇ်ဘုရင်အသစ်ကို ပဋိညာဉ်စာတမ်းကသာ အတည်ပြုပေးနိုင်ကြောင်း ဝန်ကြီးချုပ် “ပရာရတ် ချန်အိုချာ” က ပြောဆိုခဲ့သည်။ တရားဝင်ဥပဒေအရ ဘုရင်အသစ်တင်မြောက်မှုအတွက် ဖွဲ့စည်ပုံစာတမ်းတင်သွင်းပြီး အတည်ပြုရန် ရက်ပေါင်း (၉၀) ကြာမြင့်မှာ ဖြစ်ပါတယ်။
 
ထိုင်းအိမ်ရှေ့မင်းသား “မဟာဗာဂျရာလောင်ကွန်း” ကို ဇူလိုင်လ (၂၈) ရက် ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် (၆၄) နှစ်အရွယ်ရှိပါပြီ။ ဘုင်ကြီး “ဘးမိဘော” နဲ့ ဘုရင်မကြီး “သီရိကစ်”တို့က မွေးဖွားတဲ့ မွေးချင်း ၄ ဦးမှာ ဒုတိယမြောက်ဖြစ်ပြီး တစ်ဦးတည်းသော သားတော်လည်း ဖြစ်ပါတယ်။ ဗြိတိန်နဲ့ သြစတြေးလျတို့မှာ ပညာသင်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 
စစ်တပ်မှတ်တမ်းအရ ဟယ်လီကော်ပတာနဲ့ တိုက်လေယာဉ်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်နှင်နိုင်သူဖြစ်ပြီး ၁၉၇၀ တုန်းက ကွန်မြူနစ်သောင်းကျန်းသူများကို  အပြတ်အသတ် ချေမှုန်းခဲ့သူလည်းဖြစ်ပါတယ်။ စစ်တပ်မှာ ဗိုလ်ချုပ်ကြီး၊ ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ လေကြောင်းထိပ်တန်းအရာရှိ တစ်ဦးလည်းဖြစ်ပါတယ်။ သုံးကြိမ် လပ်ထပ်ခဲ့သူဖြစ်ပြီး သားသမီး (၇) ဦးတို့ရဲ့ ဖခင်ဖြစ်ပါတယ်။
 
Ref:Reuters
 


Follow us on