1. Home
  2. International News

ပျောက်ဆုံးနေသော ပန်းချီပညာရှင် ဗင်းဆင့်ဗန်ဂိုး၏ ပုံကြမ်းစာအုပ်ကို ပြန်လည်တွေ့ရှိခဲ့

International News พ.ย. 16, 2559 view 1,582
ကမ္ဘာကျော် ဒတ်ခ်ျလူမျိုး ပန်ချီဆရာ ဗင်းဆင့်ဗန်ဂိုး၏ ပျောက်ဆုံးခဲ့သော ပန်းချီပုံကြမ်းစာအုပ်ကို ပြန်လည်တွေ့ရှိခဲ့ပြီး စာအုပ်ထဲတွင် မမြင်ဖူးသေးသော ဗန်ဂိုး၏လက်ရာအစစ် ပုံကြမ်း ၆၅ ပုံပါရှိနေခဲ့သည်။ အဆိုပါပုံကြမ်းစာအုပ်ကို ပြည်သူအများ ကြည့်ရှုသိမ်းဆည်းနိုင်ရန် နိုဝင်ဘာလ ၁၅ ရက်နေ့က ပုံနှိပ်ဖြန့်ချိပေးခဲ့သည်။
 
ရှာဖွေတွေ့ခဲ့သော ပုံများသည် ဗန်ဂိုး ပြင်သစ်တွင်နေထိုင်စဉ်ကာလက ရေးဆွဲထားခဲ့သော ပုံကြမ်းများဖြစ်ပြီး စိတ်ဝေဒနာခံစားနေရချိန်တွင် သူ၏နားရွက်ကို ကိုယ်တိုင်ဖြတ်ခဲ့သူ အနုပညာရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ စိတ်ဝေဒနာ ခံစားနေဆဲမှာပင် အနုပညာမြောက်လက်ရာ ပန်ချီကားများကို ဖန်တီးရေးဆွဲနိုင်ခဲ့သော ပညာရှင်တစ်ဦးလည်းဖြစ်သည်။
 
ဗန်ဂိုး၏ ပန်းချီပုံကြမ်းစာအုပ်ကို တွေ့ရှိခဲ့သူက တိုရန်တို တက္ကသိုလ်မှ အငြိမ်းစားပရော်ဖက်ဆာ ဗိုဂိုမီလာ ဝဲ့လ်ရှ်-အိုချရော့ဗ် ဆိုသူ အမျိုးသမီးတစ်ဦးဖြစ်သည်။ ပြင်သစ်မှ ပန်ချီအနုပညာရှင်တစ်ဦးက အမှတ်မထင် အဆိုပါစာအုပ်ကို ပြသခဲ့ရာမှ ဗင်းဆင့်ဗန်ဂိုး၏ လက်ရာတွေမှန်း သိသွားခဲ့ရခြင်းဖြစ်သည်။
 
အငြိမ်းစားပရော်ဖက်ဆာ ဗိုဂိုမီလာ ဝဲ့လ်ရှ်-အိုချရော့ဗ်
 
ကျွန်မစာအုပ်ကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ တစ်ကယ့်ကို မယုံကြည်နိုင်လောက်အောင် အံ့သြခဲ့ရပါတယ်ဟု စီဘီစီသတင်းဌါနကို ပြောခဲ့သည်။ အဆိုပါ စာအုပ်ကို အပြန်ပြန်အလှန်လှန် စေ့စေ့စပ်စပ် ကြည့်ရှုပြီးတဲ့နောက်မှာ စာအုပ်ထဲမှာပါတဲ့ ပုံကြမ်း ၆၅ ခုလုံးဟာ ဗင်းဆင့်ဗန်ဂိုးရဲ့ လက်ရာအစစ်တွေဆိုတာ သိရှိခဲ့ရခြင်းဖြစ်ပါတယ်။
 
ပုံးကြမ်းရေးဆွဲထားတဲ့ စာအုပ်ဟာ ရှေးခေတ်က စာရင်းအင်းမှတ်တဲ့ လယ်ဂျာစာအုပ်တစ်ခုဖြစ်ပြီး ၁၈၈၈ ခုနှစ်က ကော်ဖီဆိုင် ပိုင်ရှင်တစ်ဦးရဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။ စာရွက်အသားကောင်းတဲ့အတွက် ဗန်ဂိုးဟာ လွတ်နေတဲ့နေရာတွေမှာ ပုံကြမ်းတွေရေးဆွဲဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဗန်ဂိုးဟာ ဆေးရုံတက်နေစဉ်ကာလမှာ ဆရာဝန်တွေကို သူ့ရဲ့မိတ်ဆွေတွေလို သဘောထားပြီး အဆိုပါ စာအုပ်ကို ကောဖီဆိုင်ပိုင်ရှင်ထံ ပြန်ပေး ပေးဖို့ပြောခဲ့ပါတယ်၊ အဲသည့်အချိန်မှာ စာအုပ်လေးက သူ့လက်ထဲမှာ နှစ်နှစ်လောက် ရှိနေခဲ့ပြီး ပုံကြမ်းတွေလဲ ဆွဲထားခဲ့ခြင်းဖြစ်ပါတယ်။
 
Ref:CBC


Follow us on