Anders Vendel လို့ အမည်ရတဲ့ ဆီဒင်တီဗွီစတား နာမည်ကြီး စားဖိုမှူးတစ်ယောက်ဟာ အမေရိကန် ရွေးကောက်ပွဲအနိုင်ရ Trump နဲ့ ရုပ်ချင်းဆင်တူလို့ မွတ်စလင်တွေရဲ့ ၀ိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသားသုံးယောက်က ရန်လိုစွာတိုက်ခိုက်ခဲ့ပြီး မျက်နှာနဲ့ ဦးခေါင်းတွေကို အချက်ပေါင်းများစွာ ထိုး ကြိတ် ကန်ကျောက်ခဲ့ကြတယ်လို့ ကာယကံရှင် Anders က ဆိုပါတယ်။ သူဟာ ဆေးကုသမှုခံယူပြီးနောက် Facebookပေါ်မှာ သူ့ကို Trump နဲ့ရုပ်ချင်းဆင်တူလို့ ရန်ရှာတိုက်ခိုက်လိုသူတစ်စုရဲ့ ပစ်မှတ်ထားခြင်း ခံနေရတယ်လို့ ပြောထားပါတယ် ။
Anders ဟာ ပြီးခဲ့တဲ့ စနေနေ့က Per Albin Hansson လမ်းမကြီးပေါ်မှာ နံနက် 4.50 နာရီအချိန်မှာ လူသုံးယောက်က သူ့ကို စတင်ချဉ်းကပ်ခဲ့ပြီး ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီလူတွေဟာ မွတ်စလင်လူမျိုးတွေဖြစ်ကြောင်း ကာယကံရှင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူရဲ့ Facebook အကောင့်မှာ ” ကျွန်တော် အရေးပေါ်အခန်းထဲမှာ ဓာတ်မှန်ရိုက်ဖို့ 2 နာရီလောက် စောင့်နေခဲ့ရပါတယ် … ကျွန်တော့်ကို အသက် 25-35 လောက် ရှိဦးမယ့် မွတ်စလင်အမျိုးသား သုံးယောက်က ၀ိုင်းပြီး တိုက်ခိုက်ခဲ့တာပါ “လို့ ရေးသားခဲ့ပါတယ်။ သူက ” လူနှစ်ယောက်က ကျွန်တော့်ကို လက်မောင်းနှစ်ဘက်ကနေကိုင်ပြီး ချုပ်တယ် … တစ်ယောက်က လက်သီးနဲ့ ထိုးတယ် … အချက်နှစ်ဆယ်လောက် ထိုးပြီးတော့ ကျွန်တော် လဲကျသွားတယ် … အဲဒီမှာ အားလုံးဝိုင်းပြီး မျက်နှာနဲ့ခြေ ထောက်တွေကို ကန်ကြတော့တာပဲ “လို့ ဆိုပါတယ်။
ဒါပေမယ့် Facebook ပေါ်မှာ တင်ထားတဲ့ အဆိုပါအဖြစ်အပျက်ကို မကြာမီမှာ ၎င်းကိုယ်တိုင် ပယ်ဖျက်ခဲ့ပါတယ်။ ဒါ ကြောင့် ဒီကိစ္စကို Andres က နောက်ပြောင်တဲ့သဘောမျိုးနဲ့ တင်ခဲ့တာလို့ လူတွေက ယူဆခဲ့ပါတယ်။ Malmoမြို့ ရဲ့တပ်ဖွဲ့မှာ တာဝန်ခံအရာရှိ Anna Göransson က တော့ ဒီအဖြစ်အပျက်ဟာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။
Credit:Shwemom