1. Home
  2. International News

ၾသစေၾတးလ် အမ်ိဳးသမီးတစ္ဦး ၁၀ ရက်အတွင်း ကိုယ်ဝန်နှစ်ကြိမ်ဆောင်

International News พ.ย. 17, 2559 view 1,484

ကိုယ်ဝန်လုံးဝရနိုင်ဖွယ်မရှိဟု ပြောကြားသော သြစတြေးလျ နိုင်ငံသူတစ်ဦးသည် ၁၀ ရက်စီခြားပြီး ကိုယ်ဝန်ရရှိခဲ့သော အမြွှာလေးနှစ်ဦးအား မီးဖွားလိုက်ပြီဖြစ်ပါတယ်။မစ္စစ်ကိတ်ဟေးသည် မျိုးမအောင်နိုင်ဖြစ်ရသော အခြေအနေတစ်ခုဖြစ်သည့် သားအိမ်ထဲ အရည်ကြည်အိတ်များ ဖြစ်ပေါ်သော ရောဂေါအတွက် ဟော်မုန်း ကုသမှုခံယူခဲ့ရပါတယ်။ယင်းကာလအတွင်း မစ္စစ်ကိတ်ဟေးသည် အကာကွယ်မဘဲ တစ်ကြိမ်တည်းသာ လိင်ဆက်ဆံခဲ့သော်လည်း မတူညီသော အချိန်များ၌ အမြွှာပူး ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။

၎င်းသည် ထူးခြားကိုယ်ဝန်ဆောင်ခြင်းအဖြစ် ကိုယ်ဝန်ရှိနေစဉ်အတွင်း ဒုတိယအကြိမ် ကိုယ်ဝန်ထပ်ရခြင်းဖြစ်ပါတယ်။အမြွှာမိန်းကလေးနှစ်ဦးအဖြစ် သောချာလော့တီ နှင့် အိုလီဗာတို့ သည်လည်း အရွယ်အစား၊ ကိုယ်အလေးချိန်နှင့် ဖွံ့ဖြိုးမှုမတူညီဘဲ ပြီးခဲ့သော ၁၀ လကမွေးဖွားခဲ့ပါတယ်။ထို ကြုံတွေ့ရမှုသည် တစ်ကမ္ဘာလုံးတွင် ၁၀ ကြိမ်သာရှိကြောင်း မှတ်တမ်းများအရသိရပါတယ်။

Soure : 7day daily



Follow us on