1. Home
  2. International News

ဇနီးဖြစ်သူ အိမ်ဖြူတော်သို့ မပြောင်းရွှေ့ရခြင်းအကြောင်းရင်းကို ဒေါ်နယ်ထရန့် ရှင်းပြ

International News พ.ย. 22, 2559 view 1,541

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်သည် သမ္မတကတော်လောင်း မီလာနီယာထရန့်နှင့်(၁၀) နှစ်အရွယ်သားဖြစ်သူ ဘာရွန်တို့သည် နယူးယောက်မြို့တွင် ကျန်ရစ်မည်ဟု ၄င်းက နိုဝင်ဘာ ၂၀ ရက်တွင်အတည်ပြုကြေားခဲ့ပါတယ်။အသက်(၇၀)အရွယ် ဒေါ်နယ်တရန့်အား သမ္မတရားထူးအပ်နှင်းပွဲပြီးနောက် မိသားစုပြောင်း ရွှေ့မူအစီအစဉ်ကို မေးမြန်းသောအခါ ၄င်းက အိမ်ဖြူတော်သို့ ချက်ချင်းပြောင်းရွှေ့နေထိုင်မည် ဖြစ်သော်လည်း သမ္မတ ကတော်လောင်းနှင့် မန်ဟက်တန် ပုဂ္ဂလိက စာသင်ကျောင်းတွင် တက်ရောက်နေသော အငယ်ဆုံးသားဖြစ်သူ ဘာရွန်တို့သည် ကျောင်းပြီးသွားသောအခါ မကြာမီပြောင်းရွှေ့လာမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

လတ်တလောတွင် အိမ်ဖြူတော်သို့ ပြောင်းရွှေ့နေထိုင်ခြင်း မပြုရန် မီလာနီယာထရန့်၏ ဆုံးဖြတ်ချက်သည် ယခင်က မကြားဖူးသော အကြောင်းအရာတစ်ခု အဖြစ် ထွက်ပေါ်လာသည်။သမ္မကတော်အားလုံးနီးပါးသည် အိမ်ဖြူတော်တွင်သာနေထိုင်ခဲ့ကြပါတယ်။ဂျော့ခ်ျဝါရှင်တန်နှင့် ဇနီးမာသာဝါရှင်တန်တို့သည် ၄င်းတို့လက်ထက်၌ အိမ်ဖြူတော် မဆောက်ရသေးသဖြင့် ထိုအဆောက်အအုံတွင် နေထိုင်ခဲ့ခြင်း မရှိကြောင်း အိမ်ဖြူတော် သမိုင်းရေးရာအဖွဲ့၏ အဆိုအရသိရပါတယ်။နွေရာသီကတည်းက မီလာနီယာသည် ခင်ပွန်းဖြစ်သူ သမ္မတရာထူး အပ်နှင်းခံရပြီးနောက် ဝါရှင်တန်သို့ ပြောင်းရွှေ့ရန် အစီစဉ်ရှိ၊ မရှိ မေးခွန်းများထွက်ပေါ်ခဲ့ပါတယ်။

Ref : 7day daily



Follow us on