1. Home
  2. International News

ဒေါ်နယ်ထရန့်အမည်ပါဝင်တဲ့ သတိပေးစာများ ဗလီသုံးခုထံပေးပို့ခံရ

International News พ.ย. 27, 2559 view 1,467
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် အမည်ကို ထည့်သွင်းဖော်ပြထားတဲ့ အမုန်းတရား အရေးအသားများပါဝင်သည့် စာသုံးစောင်ကို လောစ့်အိန်းဂျလိစ်မှာ ရှိတဲ့ ဗလီသုံးခုထံ ပေးပို့ခြင်းခံခဲ့ရပါတယ်။
 
"အမေရိကန် ပိုမိုကောင်းစားရေး" လို့ ဖော်ပြထားတဲ့ စာထဲမှာတော့ ဒေါ်နယ်ထရန့်ဟာ အမေရိကန်နိုင်ငံ သန့်ရှင်းဖို့နဲ့ တစ်ဖန်ပြန်လည်တောက်ပလာဖို့ မွတ်ဆလင်တွေကို လူမျိုးတုံး ရှင်းလင်းပစ်လိမ့်မယ်၊ ဒါကြောင့် မင်းတို့ မွတ်ဆလင်တွေ ဉာဏ်ရှိရှိနဲ့ ကိုယ့်အထုတ်ကိုယ်ထုပ်ပြီး ထွက်သွားကြလို့ ရေးသားထားခဲ့ပါတယ်။
 
ပေးပို့ခံခဲ့ရတဲ့ အဆိုပါစာကြောင့် အမေရိကန် မွတ်ဆလင်တွေကြားမှာ ဂယက်ရိုက်ခဲ့ပြီး ထိတ်လန့်စိုးရွံ့မှုတွေ ရှိနေတယ်ဟု အသိုင်အဝိုင်းကို ဦးဆောင်သူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။
စာတိုက်က ပေးပို့လာနဲ့အတွက် တံဆိပ်ခေါင်းအရဆိုရင် ဆန်တာကလာရီတာမြို့ကနေ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ လောစ့်အိန်ဂျလိစ် အမေရိကန် အစ္စလာမ် ကောင်ဆယ်လ်ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဟက်ဆမ်အလော့ရှ်က ပြောကြားခဲ့ပါတယ်။
 
အလားတူစာများရရှိခဲ့တဲ့ အခြားဗလီများကိုလည်း သက်ဆိုင်ရာ ရဲဌါနကို အသိပေးတိုင်ကြားထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
 
သမ္မတရွေးချယ်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရရှိခဲ့ပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားသူများက အစ္စလာမ်ဘာသာဝင်များအပါအဝင် အခြားလူအနည်းစုတွေကို သတိရှိရှိနေဖို့ တပ်လှန့်သတိပေးခဲ့မှုတွေ ရှိခဲ့ပါတယ်။
 
အမုန်းတရားနဲ့ ရေးဆွဲထားတဲ့ လမ်းဘေးနံရံပန်းချီလက်ရာတွေမှာလည်း ဒေါ်နယ်ထရန့်ရဲ့ ပုံတွေကို ထည့်သွင်းရေးဆွဲတာတွေ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲ မွတ်ဆလင်တွေ ပေးဝက်မှုကို ယာယီတားမြစ်မယ်လို့ ဒေါ်နယ်ထရန့် သမ္မတနေရာအတွက် မဲဆွယ်စည်းရုံးခဲ့စဉ်ကပြောကြားခဲ့ပါတယ်။ ယခုလည်း အကြမ်းဖက်လိုစိတ်ပြင်းပျနေတဲ့ မွတ်ဆလင်နိုင်ငံက လူတွေကို ပေးဝင်မှာ မဟုတ်ဘူးလို့ ကတိပြုထားသော်လည်း မွတ်ဆလင်နိုင်ငံတွေအားလုံးကို ပိတ်ပင်တားဆီးမယ်လို့တော့ မပြောထားခဲ့ပါဘူး။
 
ဒေါ်နယ်ထရန့်ဟာ လာမည့် ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး အမေရိကန်သမ္မတရဲ့ တာဝန်တွေကို စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။
 
Ref:CNA


Follow us on