1. Home
  2. International News

အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးကို တိုက်ခိုက်မည့် အကြမ်းဖက်သမားနှစ်ဦး ထပ်မံဖမ်းဆီးရမိ

International News พ.ย. 28, 2559 view 1,529
အင်ဒိုနီးရှားနိုင်ငံမှာ ဂျကာတာမြို့တော်တွင်းက မြန်မာနိုင်ငံသံရုံးအပါအဝင် ထင်ရှားတဲ့ အဓိကရနေရာတွေကို တိုက်ခိုက်ဖို့စီစဉ်နေသူ နှစ်ဦးကို အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်က ဗုံးပြုလုပ်သူအဖြစ် မသင်္ကာမှုနဲ့ ဖမ်းဆီးထားသူတစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ရာက အဆိုပါအကြမ်းဖက်သမားနှစ်ဦးကို ထပ်မံရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဝီဘာဝါ အမည်ရှိ ဗုံးပြုလုပ်သူရဲ့ အနောက်ဂျာဗားပြည်နယ်ရှိ နေအိမ်ကနေ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုမှာ အသုံးပြုခဲ့တဲ့ ဗုံးထက်သုံဆပိုပြီး အင်အားပြင်းတဲ့ ဗုံးတွေပြုလုပ်နိုင်တဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ် ဘာလီကျွန်း အကြမ်းဖက်ဗုံးခွဲမှုကြောင့် လူ ၂၀၂ ဦး သေဆုံးခဲ့ရပါတယ်။
 
ဗုံးပြုလုပ်သူအပါအဝင် ဖမ်းဆီးခံထားရသူ သုံးဦးဟာ အစ္စလာမ္မစ်အစွန်းရောက် IS အဖွဲ့နဲ့ ချိတ်ဆက်လှုပ်ရှားနေသူတွေဖြစ်ပြီး သူတို့ဟာ အင်ဒိုနီးရှားလွှတ်တော်၊ ရဲဌာနချုပ်နဲ့ ရုပ်မြင်သံကြားဌာနတွေကို တိုက်ခိုက်ဖို့အပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်လိုကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း မြန်မာနိုင်ငံက ဘာသာလူမျိုး ပဋိပက္ခတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျကာတာမြို့ မြန်မာသံရုံးကိုဗုံးခွဲဖို့ အင်ဒိုနီးရှား အစွန်းရောက်စစ်သွေးကြွတွေက ကြံစည်ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ပဲ စစ်သွေးကြွ တစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအတွင်း AFP သတင်းဌာနရဲ့ ဗီဒီယိုတစ်ခုမှာ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက သူ့ရဲ့သမီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့ကြကြောင်း၊ သူ့ကိုလည်း စစ်သား ၇ ယောက်က အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြရာမှာ ဘယ်လိုဘယ်ပုံလွတ်မြောက်လာခဲ့တယ်ဆိုတာ မသိတော့ကြောင်း ပြောဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
 
ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ မိမိတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အများကတောင်းဆိုတဲ့အတိုင်း အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြောဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြခဲ့ပါတယ်။
 
Credit:RFA
 


Follow us on