1. Home
  2. International News

အိန္ဒိယတွင် ဂျပန်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီး

International News พ.ย. 30, 2559 view 1,520

-အိန္ဒိယနိုင်ငံတောင်ပိုင်းက ကာရာလာ (Kerala) ပြည်နယ်မှာ ဂျပန်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့သူ ဒေသခံအမျိုးသားတဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

-အဓမ္မပြုကျင့်ခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် အိန္ဒိယလူငယ်တဦးဖြစ်ပြီး ပြုကျင့်ခံရသူ ဂျပန်အမျိုးသမီးက တိုင်ကြားလို့ သူ့ကို သွားရောက်ဖမ်းဆီးခဲ့တာလို့ ပြည်နယ်ရဲအရာရှိက ပြောပါတယ်။

-ကာရာလာပြည်နယ်ထဲက ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ကိုဗာလမ် (Kovalam) ကမ်းခြေမြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ပြုကျင့်ခဲ့တာလို့လည်း ပြည်နယ်ရဲမင်းကြီးက ပြောပါတယ်။

ပြုကျင့်ခဲ့သူ အမျိုးသားက ဂျပန်အမျိုးသမီးကို အရင် မိတ်ဆွေဖွဲ့ခဲ့ပြီး ခေါ်ဆောင်ပြုကျင့်ခဲ့တယ်။ အမျိုးသမီးကိုလည်း ဒေသခံဆေးရုံတရုံမှာ တင်ပို့ကုသထားတယ်။ အမှုကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ ကာရာလာပြည်နယ်ရဲမင်းကြီးက ပြောပါတယ်။ အဓမ္မပြုကျင့်ခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားဟာ ကာရာလာပြည်နယ်နဲ့ကပ်ရပ် ကာနာတကာပြည်နယ်ကဖြစ်ပြီး သူ့ရဲ့မိသားစုတွေက လက်မှုအနုပညာပစ္စည်းဆိုင်တဆိုင် ဖွင့်ထားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

Credit ; burmese.dvb.no/



Follow us on