1. Home
  2. International News

ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် ထီးနန်းဆက်ခံမည်ဖြစ်ကြောင်း အတည်ပြု

International News ธ.ค. 01, 2559 view 1,616
အိမ်ရှေ့စံမင်းသား မဟာဗာဂျီရာလောင်ကွန်သည် ထိုင်းနိုင်ငံ၏ ဘုရင်အဖြစ် ထီးနန်းဆက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းဘုရင်အဖြစ် နန်းတက်ခြင်းမပြုမီ အိမ်ရှေ့စံမင်းသားထံသို့ ပါလီမန်လွှတ်တော်က ပေးပို့လိုက်သည့် ထီးနန်းဆက်ခံရန် ဖိတ်ကြားမှုကို အိမ်ရှေ့မင်းသားက လက်ခံခဲ့သည်။ 
 
ထိုင်းဘုရင်ဟောင်း၊ ဘူမိဘောအဒူလျာဒက်သည် အောက်တိုဘာ ၁၃ ရက်တွင် ကံတော်ကုန်သွားခဲ့သည်ဖြစ်ရာ ထိုင်းနိုင်ငံတစ်ခုလုံး ဝမ်းနည်းပူဆွေးခဲ့ကြသည်။ ထီးနန်းဆက်ခံရန် ကမ်းလှမ်းဖိတ်ကြားမှုကို လက်မခံမီ အာဏာပိုင်များက အိမ်ရှေ့မင်းသားသည် ၄င်းထီးနန်းမဆက်ခံမီ ဖခင် ထိုင်းဘုရင်နတ်ရွာစံသွားသည့်အတွက် ပြည်သူများ၏ကြေကွဲဝမ်းနည်းမှု ပြေပျောက်လာစေရန် အချိန်ပေးလိုကြောင်း အကြောင်းပြချက်ပေးခဲ့ကြသည်။ 
 
နှစ်ပေါင်း ၇ဝ ကြာအောင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ထိုင်းဘုရင် ဘူမိဘော၏နေရာတွင် အိမ်ရှေ့မင်းသာ တာဝန်ယူဆောင်ရွက်မည်ဟူသော ကိစ္စရပ်အပေါ် အကြီးတန်းအာဏာပိုင်များ၏ ဖိအားပေးမှုများရှိခဲ့သည်။ 
ပါလီမန်အစည်းအဝေးဆုံးဖြတ်မှုပြုလုပ်ပြီးနောက် အိမ်ရှေ့စံမင်းသားဗာဂျီရာလောင်ကွန်အား ဘုရင်သစ်အဖြစ် ခန့်အပ်ရန် အတည်ပြုသတ်မှတ်လိုက်ကြောင်း သိရှိရသည်။
 
Ref:Bankok post
 


Follow us on