1. Home
  2. International News

မြန်မာအလုပ်သမားတွေကို ရပ်ဆိုင်းပြီး ဖမ်းဆီးဖို့ပါ တောင်းဆိုလိုက်တဲ့ မလေးရှားအဖွဲ့အစည်းများ

International News ธ.ค. 02, 2559 view 1,908
မလေးရှားအစ္စလာမစ် လူငယ်လှုပ်ရှားမှုအဖွဲ့ Angkatan Belia Islam Malaysia(ABIM) က မြန်မာကို အာဆီယံနိုင်ငံများ အဖွဲ့ကနေ ထုတ်ပယ်ရန် တောင်းဆိုလိုက်သည်။ ရခိုင်ဒေသတွင် မွတ်ဆလင် လူမျိုးစုများကို မြန်မာစစ်တပ်က လူမျိုးရေး သုတ်သင်ခြင်းနှင့် ပတ်သက်ပြီး (ABIM) က ပြင်းထန်စွာ ရှုတ်ချပြစ်တင်ခဲ့သလို မြန်မာအစိုးရအားလည်း လူ့အခွင့်အရေး ပဋိပက္ခများကို လစ်လျူရှုခြင်းအတွက် အမည်ခံဒီမိုကရေစီ သမားများဟု စွပ်စွဲခေါ်ဆိုခဲ့သည်။
 
(ABIM)  ၏ ဥက္ကဋ္ဌ မိုဟာမက် ရိုင်မီအာဘ်ရာဟန်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရပါတီသည် ဒီမိုကရေရစီစနစ်နှင့် လူ့အခွင့်အရေးအတွက် အဓိပ္ပာယ် ဘာမှမရှိဟု ပြောကြားခဲ့သည်။ အာဆီယံစည်းမျဉ်းနှင့် အစဉ်အလာကို ဆန့်ကျင်သော မြန်မာ၏ ရက်စက်မှုများအတွက် မလေးရှားနှင့် တခြားအာဆီယံ နိုင်ငံများအား မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်လည်း (ABIM) က တိုက်တွန်းခဲ့သည်။
 
''ဘင်္ဂါလီတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး မလေးရှားလူမျိုးတွေ အကြားမှာ ပိုသိလာစေဖို့ မလေးရှားအစိုးရ အနေနဲ့ ပွင့်ပွင့်လင်းလင်း ဒီကိစ္စကို ထောက်ခံသင့်တယ်"
 
တစ်ချိန်တည်းမှာပင် မလေးလူဝင်မှု ဝန်ထမ်းဟောင်းများ အသင်းကလည်း မြန်မာကနေ အလုပ်သမားများ ခေါ်နေခြင်းကို ရပ်ဆိုင်းရန် မလေးအစိုးရကို တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံသားများ အစား တခြားနိုင်ငံသားများကို အလွယ်တကူ အစားထိုးနိုင်သည်ဟု အဆိုပါအသင်း၏ ဥက္ကဋ္ဌ Che Hassan Che Johan က ပြောကြားသည်။
 
"မလေးရှားကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ တရားဝင် အလုပ်လုပ်ခွင့် သက်တမ်းတိုးတာကို ရပ်ပစ်လိုက်ဖို့နဲ့ တရားမဝင် မြန်မာအလုပ်သမားတွေကို ဖမ်းဖို့ပါ မလေးရှားအစိုးရကို တောင်းဆိုထားတယ်"
 
Credit:လင်းလင်း
Ref:Bankok post
 


Follow us on