1. Home
  2. International News

ဂျပန်နိုင်ငံမှာ နာမည်ကြီးလှတဲ့ အချစ်ဟိုတယ်များ

International News ธ.ค. 07, 2559 view 1,600

ရာဘူဟိုလို့ခေါ်တဲ့ အချစ်ဟိုတယ်တွေဟာ ၁၉၆၉ ပြည့်နှစ်များအတွင်းထဲက အိုဆာကာပြည်နယ်မှာ စတင်ခေတ်စားလာခဲ့ပြီး အခုဆိုရင် ဂျပန်တစ်နိုင်ငံလုံး ဟိုတယ်ပေါင်း ၃၇,၀၀၀ တောင် ရှိပါတယ်။ အချစ်ဟိုတယ်တွေမှာ နာရီပိုင်းနဲ့ ငှားရမ်းနေထိုင်နိုင်တဲ့ အခန်းတွေရှိပြီး တစ်ညတာ တည်းခိုချင်ရင်တော့ ဒေါ်လာ ၇၀ ကျော် ကျသင့်မှာ ဖြစ်ပါတယ်။

အချစ်ဟိုတယ်တွေကိုလာရောက်တဲ့ စုံတွဲတွေဟာ တစ်နေ့ကို ၁.၄ သန်းလောက်အထိ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ဒါပေမဲ့ ဂျပန်လူမျိုးတွေအတွက် ဒီလိုလုပ်ရပ်ဟာ ရှက်စရာမြင်ဆဲဖြစ်ပြီး အချစ်ဟိုတယ်တွေဟာ လျှို့ဝှက်နေရာတွေအဖြစ်သာ တည်ရှိနေဆဲပါပဲ။ယဉ်ကျေးမှုအရ ကန့်သတ်ချက်တွေကြောင့် အချစ်ဟိုတယ်တွေက ခေတ်စားလှပေမဲ့ အများအားဖြင့် ဈေးကြီးသော်လည်း နံရံပါးလေးတစ်ချပ်သာ ခြားထားပြီး သီးသန့်တော့ ဖြစ်မနေပါဘူး။

"လူတိုင်း အချစ်ဟိုတယ်တွေကို ရှာဖွေပြီး လာကြတယ်။ ယဉ်ကျေးမှုအရ တားမြစ်ထားပေမဲ့ လိင်လုပ်ငန်းဟာ ဒီနိုင်ငံမှာ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်နေတယ်" လို့ အချစ်ဟိုတယ်တွေကို သွားရောက်ကာ မှတ်တမ်းပြုလုပ်ခဲ့တဲ့ ဘယ်လ်ဂျီယံဓာတ်ပုံဆရာ ဇာဇာဘားထရန့်က ပြောပြခဲ့ပါတယ်။ 

Credit : thadinatin



Follow us on