1. Home
  2. International News

နာဇီဗီလိန် Red Skull နဲ့တူဖို့အတွက် ပေါင်(၃)သောင်းကျော် အကုန်အကျခံ ခွဲစိတ်ခဲ့သူ

International News ธ.ค. 08, 2559 view 1,524

ရုပ်သံဇာတ်လမ်းထဲမှ နာဇီဗီလိန် Red Skull နဲ့တူဖို့အတွက် Henry Rodriguez ဆိုတဲ့ အမျိုးသားဟာ ခွဲစိတ်ပြုပြင်ခဲ့ပြီး ကုန်ကျငွေမှာ ပေါင် 30000 ကျော်ခဲ့တယ်လို့ သိရပါတယ်။ Henry ဟာ ဗင်နီဇွဲလားနိုင်ငံ ကရာဆက်မှာ နေထိုင်သူ အိမ် ထောင်သည်တစ်ယောက် ဖြစ်ပါတယ်။ Red Skull ဗီလန်ဇာတ်ကောင်ကို 1947 ခုနှစ်မှာ ပထမဦးဆုံးအနေနဲ့ Mabel ရုပ်ပြစာအုပ်အတွဲတွေ စတင်အသုံးပြုခဲ့ပြီး၊ အဆိုပါ စာအုပ်ကို အခြေခံကာ Captain America: The First Avenger ဇာတ်ကားကို အသက်သွင်းခဲ့ပါတယ်။

အဲဒီ ဇာတ်ကားထဲမှာ Hugo Weaving ဟာ Red Skull အဖြစ် သရုပ်ဆောင်ထားပြီး Chris Evans ကတော့ အဓိကဇာတ် ကောင် ဖြစ်ပါတယ်။ အခုတော့ အဲဒီ Red Skull ဇာတ်ကောင်ကို သဘောကျတဲ့ Henry ဟာ နဖူးတွေထဲမှာ အစားထိုးခွဲစိတ်မှုတွေ ပြုလုပ်ခဲ့သလို၊ နှာခေါင်းထိပ်ပိုင်းကိုလည်း ဖြတ်တောက်ပစ်ကာ Red Skull နဲ့ တူအောင် ခွဲစိတ်မှုခံယူခဲ့ပါတယ်။ မျက်နှာပြင်အရေပြား အောက်ကိုလည်း ဆေးအနီသွင်းခဲ့လို့ သူဟာ တကယ့် ပြင်ပလောကက Red Skull တစ်ယောက် ဖြစ်နေပါပြီ။

သူက ဒီလို လူကြမ်းကြီးအသွင်ဆိုပေမယ့် သူ့ဇနီးနဲ့ သုံးနှစ်အရွယ် သားငယ်လေး Aron ကို ဘယ်တော့မှ အချစ်ပျက်မှာ မဟုတ်ဖူးလို့ ပြောခဲ့ပါတယ်။ Henry ကို ပလက်စတစ်ဆာဂျရီဆရာဝန်ကြီး Emilio Gonzalez က ကျန်းမာရေးအခြေအ နေတွေနဲ့ တစ်ခြား ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပြီးမှ ခွဲစိတ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

Credit : shwemom



Follow us on