1. Home
  2. International News

မလေးရှားရောက် ဘင်္ဂါလီများ အလုပ်အကိုင်နှင့် ပညာသင်ခွင့် တောင်းဆို

International News ธ.ค. 08, 2559 view 1,566
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ(မူရင်းသတင်းတွင် ရိုဟင်ဂျာဟုရေးသည်)များအရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြသခဲ့ပြီးနောက် မလေးရှားနိုင်ငံရောက် ဘင်္ဂါလီများက ၎င်းတို့အတွက် အလုပ်အကိုင်နှင့် ပညာသင်ခွင့်များကို စတင်တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
 
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏စာရင်းအရ မလေးရှားတွင် ဘင်္ဂါလီ ၅ သောင်း ၆ ထောင်ကျော်ရှိပြီး UNHCR မှ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်ရရှိရန် စောင့်ဆိုင်းနေသူ ၃ သောင်းခွဲခန့်ရှိကြောင်း သိရသည်။
မလေးရှားအစိုးရက ဘင်္ဂါလီများကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်၊ ကျောင်းတက်ပညာသင်ကြားခွင့်မှ တားမြစ်ထားသည်။
 
အစိုးရက ကျွန်တော်တို့အတွက် တခုခုလုပ်ပေးလို့ရတာပေါ့။ အလေးရှားအစိုးရအနေနဲ့ ဘင်္ဂါလီတွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ်ဆိုရင် ပိုကောင်းသွားမှာပေါ့”ဟု မလေးရှားရောက် ဘင်္ဂါလီလူ့အဖွဲ့အစည်း၏ ဥက္ကဌ ဖိုင်ဇယ်အစ္စလာမ်မူဟာမက်ကာဇင်က ပြောသည်။
 
မလေးရှားတွင် ဘင်္ဂါလီများ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း UNHCR ထံမှ သိရသည်။ ထို့ပြင် NGO ကျောင်းများတွင်သာ ပညာသင်ကြားနေရသော ဘင်္ဂါလီကလေးငယ်များကို အစိုးရကျောင်းများတွင် ပညာသင်ကြားခွင့် ပေးစေလိုကြောင်းလည်း ဖိုင်ဇယ်က ပြောသည်။
 
Ref;CNA
 


Follow us on