1. Home
  2. International News

နေ့ခင်းကြောင်တောင် ဒေါ်လာတစ်သန်းကျော်တန်ရွှေပုံကြီးအား ခိုးယူမှုဖြစ်ပွား

International News ธ.ค. 09, 2559 view 1,510

နယူးယောက်မြို့၌ နေ့ခင်းကြောင်တောင် ဒေါ်လာတစ်သန်းကျော်တန် ရွှေပုံးကြီးအား ခိုးယူမှုဖြစ်ပွား အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ရဲ့ မန်ဟက်တန်စီရင်စုမှာ နေ့ခင်းကြောင် တောင်ကြီး ဒေါ်လာ၁ဒသမ၆သန်းတန်ပြီး ၈၆ပေါင်လေးတဲ့ ရွှေသားတွေထည့်ထား တဲ့ ပုံးကြီးကို တစ်ကိုယ်တည်း မပြေးသွား တဲ့ ရဲတင်းတဲ့သူခိုးတစ်ယောက်ကို နယူး ယောက်ရဲတပ်ဖွဲ့တွေ လိုက်လံရှာဖွေဖမ်း ဆီးနေတယ်လို့သိရပါတယ်။ လုံခြုံရေးဗီဒီ ယိုမှတ်တမ်းမှာ ကြည့်ရှုစစ်ဆေးမှုအရ သံချပ်ကာကုန်တင်ကားတစ်စီး ရပ်ထား တုန်း နောက်ဘက်အဖုံးတံခါးပွင့်နေခဲ့ရမှာ လမ်းဘေးကနေလျှောက်လာတဲ့ အမျိုး သားတစ်ဦးက လျှပ်တပြက်အတွင်းမှာပဲ ရွှေတွေထည့်ထားတဲ့ အနက်ရောင်ပုံးဝိုင်း ကို လှစ်ခနဲ မçယူလို့ ထွက်သွားခဲ့တာဖြစ်ပါ တယ်။

၈၆ပေါင်အလေးချိန်စီးတာကြောင့် ပုံးကို မနိုင်မနင်းပွေ့ပိုက်မသွားခဲ့ပြီး သယ် ရတာလေးလွန်းတာကြောင့် လမ်းဖြတ်အ ကာတုံးပေါ်မှာ ခဏတင်ပြီးနားခဲ့ရသေး တယ်လို့ ဗီဒီယိုမှတ်တမ်းမှာ တွေ့ခဲ့ရပါ တယ်။ ကားဘေးမှာလည်း လူနှစ်ဦးရပ်နေ ခဲ့ပေမယ့် ပုံးကို မçယူသွားသူကို သတိမ ထားမိခဲ့ပါဘူး။ သူခိုးက သံချပ်ကာကုန် ကားထဲကပုံးကိုသာ မြင်ရတာဖြစ်ပြီး ပုံးထဲ မှာ ဘာပါလို့ပါမှန်း သိဟန်မတူဘူးလို့ ဗီဒီ ယိုမှတ်တမ်းစစ်ဆေးသူက ဆိုပါတယ်။ ၁၀မိနစ်ကြာလျှောက်ရတဲ့လမ်းကို တစ်နာ ရီနီးပါးလောက် အချိန်ယူ၊ ဟန်မပျက် ထိန်းပြီး လျှောက်သွားရင်း လမ်းတစ်နေရာ မှာရပ်ထားတဲ့ ဗင်ကားအဖြူပေါ်တက်ပြီး မောင်းထွက်သွားခဲ့တာလို့ သိရပါတယ်။ သူခိုး ဖြစ်သူက ဖလော်ရီဒါပြည်နယ်ထဲမှာ ခိုအောင်းနေနိုင်ပြီး ရှာဖွေနေဆဲဖြစ်တယ် လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

Credit : thadinatin



Follow us on