1. Home
  2. International News

အသက်(၇)နှစ်အရွယ် မိန်းကလေးနှစ်ဦး အသေခံဖေါက်ခွဲခဲ့တဲ့ အကြမ်းဖက်မှု

International News ธ.ค. 12, 2559 view 1,458
လူများရှုပ်ထွေးလှတဲ့ သားငါးဈေးတစ်ခုအတွင်း မနေ့က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူသုံးဦး သေဆုံးကာ (၁၈)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှု ဖြစ်စဉ်တစ်ခု နိုက်ဂျီးရီးယားနိုင်ငံ မိတ်ဒူဂူရီမှာ ဖြစ်ပျက်ခဲ့ပါတယ်။
 
အဆိုပါဖောက်ခွဲမှုကို အသက်(၇)နှစ်ခန့်အရွယ် မိန်းကလေးငယ် နှစ်ဦးက အသေခံဖောက်ခွဲခဲ့ကြပြီး သူတို့နှစ်ဦးနှင့်အတူ အခြားလူတစ်ပါ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ဘိုကိုမာရမ် လို့ခေါ်တဲ့ အဖွဲ့အစည်းဟာ ဒီပေါက်ကွဲမှုကို နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ ဒီအဖွဲ့အစည်းဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်များကို အသုံးချတဲ့ နည်းဗျူဟာနဲ့ နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေ လုပ်ကိုင်သူများဖြစ်ပါတယ်။
 
 
မိန်းကလေးနှစ်ဦးဟာ လန်ချားပေါ်ကနေ ဆင်းလာပြီးနောက် စိတ်ခံစားမှုကင်းမဲ့နေတဲ့ ပုံစံနဲ့ ဈေးအတွင်းဝင်သွားခဲ့ပြီးနောက် ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်ဟု မျက်မြင်သက်သေ ဖြစ်သူ မိတ်ဒူဂူရီ ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။ သူ့အရှေ့မှ ဖြတ်သွားခဲ့သော မိန်းကလေးငယ် နှစ်ဦးအနက် တစ်ဦးကို သူကစကားလှမ်းပြောခဲ့ပေမယ့် ဘာမှပြန်မဖြေပဲ ဈေးအတွင်းသို့ ဝင်သွားခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဟု ဆိုသည်။
 
 
ဘိုကိုမာရမ် အဖွဲ့၏ တိုက်ခိုက်ခဲ့မှုတွေကြောင့် လူပေါင်း နှစ်သောင်းကျော် သေကြေပျက်ဆီးခဲ့ရပြီး ၂.၅ သန်းခန့် နေရာပြောင်းရွေ့ခဲ့ရကြောင်း သိရှိရသည်။
 


Follow us on