1. Home
  2. International News

အိုင်အက်စ် အကြမ်းဖက်မြို့တော်ကို သိမ်းပိုက်ရန် အမေရိကန်အထူးတပ်ဖွဲ့ အင်အားထပ်ဖြည့်

International News ธ.ค. 12, 2559 view 1,553

- ဆီးရီးယားနိုင်ငံက အိုင်အက်စ် အကြမ်းဖက်မြို့တော် ရက်ကာမြို့သိမ်းပိုက်ရေး စစ်ဆင်ရေးအတွက် အမေရိကန် အထူးတပ်ဖွဲ့ဝင် နောက်ထပ်အယောက် ၂၀၀ စေလွှတ်မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက စနေနေ့က ပြောဆိုပါတယ်။

- အားဖြည့်စေလွှတ်မယ့် အမေရိကန် အထူးတပ်ဖွဲ့တွေထဲမှာ အထူးတပ်ဖွဲ့ လေ့ကျင်သင်တန်းပေးရေး တပ်ဖွဲ့ဝင်တွေ၊ စစ်ရေးအကြံပေးအရာရှိတွေနဲ့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့တွေ ပါဝင်မယ်လို့ ဘာရိမ်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အလယ်ပိုင်းလုံခြုံရေးဆွေးနွေးပွဲမှာ ၀န်ကြီး အက်ခ်ျကာတာကပြောဆိုခဲ့တာပါ။

- ဒီအထူးတပ်ဖွဲ့ဝင် အယောက် ၂၀၀ နဲ့ အရင်ရောက်နှင့်နေတဲ့ အထူးတပ်ဖွဲ့ဝင် ၃၀၀ ကို အားဖြည့်မှာပါ။ အမေရိကန်က နောက်ခံထောက်ပံ့ထားတဲ့ ကာဒ့်တပ်ဖွဲ့တွေနဲ့ ဒေသခံ အာရပ်တပ်ဖွဲ့ဝင်တွေဟာ ရက်ကာမြို့ သိမ်းပိုက်စစ်ဆင်ရေးကို ပြီးခဲ့တဲ့လက စတင်ခဲ့ပြီး မြို့မြောက်ပိုင်းမှာ နယ်မြေတွေ စတင်သိမ်းပိုက်ရရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံ တွေဟာ ဆီးရီးယားမှာကော၊ အီရတ်နိုင်ငံမှာပါ အိုင်အက်အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်နေကြပေမယ့် အဓိက ကတော့ လေကြောင်း စစ်ဆင်ရေးတွေဖြစ်ပါတယ်။ ဆီးရီးယားစစ်မှာတော့ ရုရှားက နောက်ခံထောက်ပံ့ထားတဲ့ သမ္မတအာဆက်အစိုးရနဲ့ တူရကီ၊ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်က ထောက်ပံ့ထားတဲ့ ဆီးရီးယားသူပုန်တို့ရဲ့ အဓိကစစ်ပွဲဖြစ်နေတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အဓိကဆုံချက်နေရာဖြစ်တဲ့ အလစ်ပိုမြို့မှာ ဆီးရီးယား အစိုးရတပ်တွေ သူပုန်နယ်မြေအများအပြား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဒီစစ်မှာ ရုရှားပါဝင်လာတဲ့အတွက် စစ်မီး ပိုတောက်လောင်လာပြီး အရပ်သားတွေ စစ်ဘေးဒဏ်ကို ပိုခံစားလာကြရတယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဝေဖန်ပြောဆိုပါတယ်။ 

Soure : burmese.dvb.no/



Follow us on