1. Home
  2. International News

ထိုင်းဘုရင်အသစ် အကျဉ်းသားများအား ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေး

International News ธ.ค. 13, 2559 view 1,496
ထိုင်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်သူ မဟာဗာဂျီယာလောင်ကွန်းက အကျဉ်းသားအမြောက်အမြားအား ပထမဦးဆုံးအကြိမ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရှိရသည်။
 
လူအများချစ်ခင်လေးစားမှုကို ခံခဲ့ရပြီး နှစ်ပေါင်း (၇၀) ကြာအောင် အုပ်ချုပ်သွားခဲ့သည့် ဖခင်ဘုရင်ကြီး အဒူယာဒက် အသက်(၈၈)နှစ် အောက်တိုဘာလတွင် နတ်ရွာစံခဲ့သည်။ သားတော် ဘုရင်အသစ် လောင်ကွန်းက ဒီဇင်ဘာလဆန်းပိုင်းက ထီးနန်းဆက်ခံခဲ့ပြီး ပြည်သူများနှင့် ထိတွေ့ရန်ကြိုးစားသည့်အနေနှင့် ဘုရင်၏ သနားညှာတာခြင်းကို ပြသခဲ့ခြင်းဖြစ်သည်။
 
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော အျဉ်းသားများထဲတွင် ပထမဆုံး ပြစ်မှုကျူးလွန်ပြီး ထောင်ကျနေသော အမျိုးသမီးများ၊ ထောင်ဒဏ် သုံးပုံတစ်ပုံ ကျခံခဲ့ပြီးသူများ၊ နာတာရှည်ရောဂါနှင့် မသန်မစွမ်းအကျဉ်းသားများ ပါဝင်ခဲ့သည်။ အကျဉ်းသား ၁၀၀,၀၀၀ ခန့် လွှတ်ပေးမယ်လို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး ပထမအသုတ်အဖြစ် ၃၀,၀၀၀ ကို စတင်လွှတ်ပေးခဲ့ပါတယ်။
 
Credit:7Day
 


Follow us on