1. Home
  2. International News

ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် လိပ်ကျွန်းအမှုမှ ဝင်းနဲ့ဇော် မပါဝင်

International News ธ.ค. 14, 2559 view 1,814
ထိုင်းနိုင်ငံ၏ ဘုရင်အသစ်ဖြစ်သူ မဟာဗာဂျီယာလောင်ကွန်းက ထီးနန်းလွဲပြောင်းဆက်ခံယူပြီးစ ကာလတွင် ပြည်သူများအပေါ် သနားညှာတမှုကို ပြသသည့်အနေဖြင့် အကျဉ်းသား တစ်သိန်းခန့်အား လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးမည်ဖြစ်ပြီး လက်တစ်လောတွင် အကျဉ်းသား သုံးသောင်းခန့် လွှတ်ပေးခဲ့ပြီးဖြစ်သည်။
 
 
လိပ်ကျွန်းလူသတ်မှု တရားခံများအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလထဲက စတင်စွဲချက်တင်ခံခဲ့ရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အမှုမှာ အယူခံဝင်ထားဆဲ အမိန့်ချမှတ်ထားခြင်း မရှိသေးသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရန် သတ်မှတ်ထားသော အချက်မျာတွင် အကျူံးမဝင်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားနိုင်ခွင့် မရကြပေ။ 
၂၀၁၇ ခုနှစ်တွင် အယူခံဝင်ထားသော အဖြေကိုသိရှိရမည်ဖြစ်ပြီး သူတို့နှစ်ဦး ထိုင်းနိုင်ငံ ထောင်ထဲတွင် ၂ နှစ်ကျော်ကြာ နေထိုင်နေကြရဆဲဖြစ်သည်။
 
>> ထိုင်းဘုရင်သစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး


Follow us on