1. Home
  2. International News

လူအခွင့်ရေးဆုရှင် ရာဇီဒီအမျိုးသမီးနှစ်ဦးက အိုင်အက်စ်အဖွဲ့ကို တရားမျှတစွာ စီရင်ရန်တာင်းဆို

International News ธ.ค. 15, 2559 view 1,480

ကာ့ဒ်တိုင်းရင်းသားဖြစ်သော ရာဇီဒီ တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးသည် ဥရောပသမဂ္ဂက ပေးအပ်သောဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ဒီဇင်ဘာ ၁၃ ရက်တွင် လက်ခံရရှိစဉ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်မှုအတွက် အိုင်အက်စ် ခေါင်းဆာင်းများအား တရားဥပဒေနှင့်အညီ အရေးယူကိုင်တွယ်ရန် တိုက်တွန်းလိုက်သည်။ပြင်သစ်နိုင်ငံ စထရက်ဘာ့ဂ်မြို့ရှိ ဥရောပလွှတ်တော်တွင် ဆုလက်ခံရယူသောအခါ နာဒီယာမူရတ်နှင့် လာမီယာဟာဂျီဘာရှား တို့သည်အီရတ်နိုင်ငံရှိ ရာဇီဒီ ဒုက္ခသည်ငါးသိန်းအတွက် ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။

“ကျွန်မတို့ကို ကတိပေးဖို့ အရေးတကြီး တိုက်တွန်းချင်တာကတော့ ဒီလို လူမျိုးတုံး သတ်ဖြတ်မှုတွေကို နောက်ထပ် ဘယ်တော့မှခွင်မပြုဖို့ပါပဲ။ဒီလို ရာဇဝတ်မှုတွေကို အရေးယူရမယ်။သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံရမယ်”ဟု အသက်(၁၈)နှစ်အရွယ် ဘာရှားက ထိုဆုပေးပွဲအခမ်းနားတွင်ပြောကြားခဲ့ပါတယ်။၂၀၁၄ သြဂုတ်လတွင် အိုက်အက်စ်အဖွဲ့များက စင်ဂျာဒေသ ကိုသိမ်းယူသောအခါ ထောင်ပေါင်းများစွာသော ရာဇီဒီတိုင်းရင်းသားများ သတ်ဖြတ်ခံရပြီး ရာဇီဒီအမျိုးသမီး ထောင်ပေါင်းများစွာကိုလည်း ပြန်ပေးဆွဲကာ လိင်ကျေးကျွန်များအဖြစ် ခိုင်းစေခဲ့သည်။ “အိုင်အက်စ်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ အသေချာပါပဲ”ဟု မူရတ်က ပြောပါတယ်။

Soure : 7day daily



Follow us on