1. Home
  2. International News

ညီမဖြစ်သူကို အသက် ၁၁ နှစ်အရွယ်ထဲက ဆယ်ကျော်သက်အထိ အဓ္မကျင့်လာတဲ့ အစ်ကို

International News ธ.ค. 16, 2559 view 1,448
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Mrs Danczuk သူမရဲ့အစ်ကို Michael Burke (၃၈) နှစ်ဟာ သူမ အသက် ၆ နှစ်အရွယ်ထဲက လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ကြောင်း မန်ချက်စတာခရောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
 
အစ်ကိုဖြစ်သူ အသက် ၁၁ နှစ်အရွယ်ထဲက စတင်ကာ သူမအပေါ် လွန်ကျူးခဲ့ပြီး သူမ ဆယ်ကျော်သက် အရွယ်ထိ ပြုမူခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒီလို စော်ကားခံခဲ့ရတဲ့အတွက် သူမရဲ့ ကလေးဘဝမှာထဲက သေကြောင်းကြံခဲ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့်အတူ ကျောင်းပညာရေးပါ ပျက်ဆီးခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေခဲ့ရပါတယ်။
 
 
အစ်ကိုဖြစ်သူ Michael Burke ဟာ သူမအပြင် အခြားအမျိုးသမီးနှစ်ဦးကိုပါ အဓ္ဓမ မုဒိန်းမှုကျူးလွန်ခဲ့သည့်အတွက် တရားစွဲဆိုခြင်းခံထားရသူဖြစ်ပါတယ်။ Michael Burke က အပြစ်ကို ဝန်မခံပဲ အမျိုးသမီး သုံးယောက် သူ့ကို ပူးပေါင်း ကြံစည်တာ ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။
 
သူ့ကို ၁၈ နှစ်တာ ကာလအတွင်း ၁၅ ကြိမ်တိုင်တိုင် အဓ္ဓမပြုကျင့်မှု၊ အဓ္ဓမပြုကျင့်ရန် တစ်ကြိမ် ကြိုးပမ်းမှု၊ အမျိုးသမီး သုံးဦးကို ကာအိန္ဒေစြော်ကားမှုများအတွက် တရားစွဲခဲ့တာဖြစ်ပါတယ်။ ဂျူရီလူကြီးများက အဓ္ဓမမှု ၈ ကြိမ်နှင့် အခြားလိင်ပိုင်ဆိုင်ရာ စော်ကားမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆက်လက် စစ်ဆေးကြားနာလျှက်ရှိသည်။
 


Follow us on