အိန္ဒိယကုမ္ပဏီသစ်လေး တစ်ခုဖြစ်တဲ့ EnviGreen ဟာ စားလို့ရတဲ့ ပလတ်စတစ်အိတ်ကို တီထွင်လိုက်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီနဲ့ သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ ကော်တို့ကို ပေါင်းစပ်ပြီး ပလတ်စတစ်နဲ့ တူတဲ့ အိတ်ကို ထုတ်လုပ်တာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း အော်ဂဲနစ်ဖြစ်ပြီ အဆိုပါအိတ်ကို ရဖို့ လေးနှစ်ကြာစမ်းသပ်တီထွင်မှုတွေ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ မြို့တစ်ချို့က ပလတ်စတစ်အိတ်သုံးဖို့ကို ပိတ်ပင်ခဲ့ပြီးနောက်မှာ အခုလိုအိတ်ထုတ်လုပ်ဖို့ အကြံဉာဏ်ရခဲ့တာလို့ EnviGreen ကိုတည်ထောင်သူ အရှဝါဟက်ဂ်ျက ပြောထားပါတယ်။ အိတ်ကိုထုတ်လုပ်ရာမှာ အာလူး၊ ပြောင်ဖူး၊ ငှက်ပျောသီးနဲ့ သဘာဝပစ္စည်း ၁၂ မျိုးပါဝင်ပြီး အဆိုပါပစ္စည်းတွေကို အရင်ဆုံး အရည်အဖြစ်ပြောင်းကာ ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
အသေးစိတ်ကိုတော့ အရှဝါဟက်ဂ်ျက မပြောကြားခဲ့ဘဲ အိတ်ကို လုပ်ဖို့ အဆင့်ခြောက်ဆင့် ရှိတယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်ကတော့ သာမန်ပလတ်စတစ်အိတ်ထက် ၃၅ ရာခိုင်နှုန်းများပြားတယ်လို့ သိရပါတယ်။
Credit : နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ