1. Home
  2. International News

ရည်းစားဖြစ်သူက လူမဆန်စွာ ဓါတ်ဆီနဲ့ပက်ပြီး မျက်နှာကို မီးရှို့ခံခဲ့ရသူ

International News ธ.ค. 16, 2559 view 1,435
အိုဟိုင်းအိုးမြို့က အသက် (၃၃)နှစ်အရွယ် ဂျူဒီမလီနော်စကီ ဆိုသူ အမျိုးသမီးသည် သူမ၏ ရည်းစားဖြစ်သူက မျက်နှာကို ဓာတ်ဆီနဲ့ ပက်ကာ မီးရှို့ခဲ့သည့်အတွက် မျက်နှာအစိတ်အပိုင်း ၈၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ပြီး အရေးပေါ်ဌါနတွင် ၁၆ လကြာမြင့်စွာ ဆေးကုသ ခံယူနေရဆဲဖြစ်သည်။
 
 
အဆိုပါအဖြစ်အပျက်က ၂၀၁၅ ခုနှစ် သြဂုတ်လ ညနေခင်းတစ်ခုတွင် ဓာတ်ဆီဆိုင်တစ်ခု၏ အနောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျူဒီ၏ ရည်းစားဖြစ်သူ မိုက်ကယ်စလက်ဂါ အသက်(၄၁)နှစ်က စီးကရက်မီးညှိစဉ် မတော်တဆ လောင်ကျွမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ကာကွယ်ပြောဆိုနေခဲ့သော်လည်း တရားရုံးက သူ့ကို ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 
 
 
၉ နှစ်နှင့် ၁၂ နှစ်အရွယ် သမီးနှစ်ဦး၏ မိခင်ဖြစ်သော ဂျူဒီမှာ ဆေးရုံပေါ်တွင် ၁၆ လကြာ ကုသမှုခံယူခဲ့ပြီးနောက် အသက်ဘေးမှ လွတ်မြောက်လာရုံသာ ရှိသေးပြီး သူမ၏ လက်ချောင်း နှစ်ချောင်းနှင့် နားရွပ်နှစ်ဖက် လုံးဝပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၆ လ လုံးလုံး အသက်ရှုကရိယာအကူညီနှင့် အသက်ရှုခဲ့ရသလို လမ်းလည်း မလျှောက်နိုင်၊ စကားလည်း တီးတိုးလေးသာ ပြောဆိုနိုင်ခဲ့သည်။ သူမ၏ ကျောဘက်နှင့် တင်ပါတွင် ကုသရမည့် ဒဏ်ရာများ ကျန်ရှိနေသေးသော်လည်း မှောက်ရက်အနေအထား မနေနိုင်သေးသဖြင့် ပျောက်ကင်းအောင် မကုသနိုင်သေးပေ။
 
 
လူမဆန်စွာ မျက်နှာကို ဓာတ်ဆီလောင်း မီးရှို့ခဲ့၍ အပြင်းအထန်ခံစားနေရသော်လည်း တရားခံကိုမူ မီးလောင်ကျွမ်းစေမှု၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၁၁ နှစ်သာ ချမှတ်နိုင်ခဲ့သည်။
 


Follow us on